ဆံသားထိန်းသိမ်းရာမှာမှားယွင်းစွာလုပ်ဆောင်မိသောအချက်သုံးချက်

ဆံပင်ရဲ့ကောင်းခြင်းကမိန်းကလေးတွေ အတွက် အလှအပနဲ့ပက်သက်ပြီးဂုဏ်ယူနိုင်တဲ့အချက် တစ်ချက်ပါမိန်းကလေးအများစုကဆံသားသန်စွမ်းဖို့၊
နူးညံ့ပျော့ပြောင်းဖို့၊တောက်ပြောင်စိုပြေစေဖို့၊နည်း လမ်းအမျိုးမျိုးနဲ့ထိန်းသိမ်းမှုတွေပြုလုပ်တတ်ကြပါ တယ်။ဆံသားထိန်းသိမ်းမှုတွေပြုလုပ်ရင်းနဲ့ မှား ယွင်းတဲ့လုပ်ရပ်တစ် ချို့ကြောင့်ဆံသားပျက်စီးစေ နိုင်တာကိုသင်သိပါရဲ့လား။

၁)ဦးရေပြားမှစပြီးခေါင်းဖီးခြင်း

မှားယွင်းသောလုပ်ဆောင်မှုခေါင်းဖီးတဲ့အခါဦးရေပြားကနေဆံဖျားကိုဖြီးတာ၊ခေါင်းယားလို့ဘီးနဲ့ကုတ်တာ၊
ရေစိုနေချိန်မှာဆံပင်ရှင်းတာတွေကဆံပင်ရဲ့အရင်းကိုအားပျော့စေပြီးဆံပင်ကျွတ်တာဆံသားကျိုးပြတ်တာတွေဖြစ်စေပါတယ်။လုပ်ဆောင်ပါခေါင်းဖြီးတဲ့အခါဆံဖျားကိုအရင်ဖြီးပြီးမှဦးရေပြားကနေဖြီးပါ။ဆံပင်တွေ
ရှုပ်ထွေးနေပါကဆံဖျားပိုင်းကိုအရင်ရှင်းပြီးမှဦးရေပြားကိုဖီးပါ။

၂)ဆံသားအနှံ့ကွန်ဒီရှင်နာသုံးခြင်း

မှားယွင်းသောလုပ်ဆောင်မှုကွန်ဒီရှင်နာပျက်စီးနေတဲ့ဆံသားတွေကိုပြန်လည်ကောင်းမွန်သန်စွမ်း
စေဖို့အသုံးပြုရတာမျိုးပါ။အထူးသဖြင့်ဆံပင်ရဲ့အဖျားပိုင်းတွေကနှစ်ခွဖြစ်တာ၊ကျိုးပဲ့ပျက်စီးနေတာ စတာတွေအတွက်ကွန်ဒီရှင်နာကိုအသုံးပြုမယ့်အစားအများစုကဆံသားအရင်းထဲကိုဝင်အောင်ဦးရေပြားပေါ်ကိုကွန်ဒီရှင်နာလိမ်းပြီးသုံးတတ်ကြပါတယ်တကယ်တော့ဆံပင်ရဲ့အရင်းရှိဆံချည်မျှင်အိတ်တွေကကွန်ဒီရှင် နာကိုစုပ်ယူနိုင်စွမ်းမရှိတော့တာကြောင့်ထိရောက်မှုမရှိပဲဦးရေပြားကိုရေဆေးချလိုက်တဲ့အခါကွန်ဒီရှင်နာတွေကရေနဲ့အတူပါသွားပါတယ်။လုပ်ဆောင်ပါကွန်ဒီရှင်နာကိုဆံသားမှာအသုံးပြုတဲ့အခါဆံသားအဖျားကနေဆံပင်ရဲ့တစ်ဝက်လောက်ရှိတဲ့အတိုင်းအတာအထိသာကွန်ဒီရှင်နာကိုလိမ်းပြီးရေဆေးချပါ။

၃)တဘက်နှင့်ဆံပင်ရေသုတ်ခြင်း

မှားယွင်းသောလုပ်ဆောင်မှုဆံပင်ရဲ့အပြင်ဆုံးအလွှာကဆံသားတောက်ပြောင်မှုကိုပေးစွမ်းတဲ့အပြင်
ဆံသားကိုကာကွယ်ပေးတဲ့အလွှာလည်းဖြစ်ပါတယ်။ခေါင်းလျှော်ပြီးတဲ့အခါဆံသားကိုတဘက်နဲ့ပွတ်ပြီးရေ သုတ်တာကြောင့်ဆံသားရဲ့အပေါ်ယံအလွှာပျက်စီးနိုင်ပါတယ်။ဒီအလွှာပျက်စီးတာကြောင့်ဆံသားရဲ့အရောင်
ကတောက်ပမှုမရှိတာခြောက်သွေ့တာတွေကိုဖြစ်စေပါတယ်။လုပ်ဆောင်ပါရေစိုနေတဲ့ဆံသားတွေကိုတဘက် နဲ့ပတ်ပြီးတဘက်ကိုလက်နဲ့ဆုပ်ပြီးရေညှစ်ချပါ။တဘက်အစားတီရှပ်အဟောင်းတစ်ထည်နဲ့
လည်းပြုလုပ်နိုင်ပါတယ်။

ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)

မှတ်ချက်များ