ဘတ်စ်ကားမီးလောင်မှုနှင့်စပ်လျဉ်း၍ ယာဉ်မောင်းကို ကိုလံဘီယာရဲတပ်ဖွဲ့ ဖမ်းဆီး

ကလေး(၃၂)ဦး အသက်ဆုံးရှုံးခဲ့ရသည့် ဘတ်စ် ကား မီးလောင်မှုနှင့် စပ်လျဉ်းပြီး ယာဉ်မောင်းကို ကိုလံဘီယာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။ တနင်္ဂနွေနေ့က ဘာသာရေး သင်တန်းတစ်ခုမှ နေ အိမ်သို့ ပြန်လာစဉ် ဘတ်စ်ကားမီးလောင်မှု ဖြစ်ပွား ရာ လူမမယ်ကလေးငယ်အမြောက်အမြား သေ ဆုံးခဲ့ပြီး အတော်များများလည်း ဒဏ်ရာများ ရရှိခဲ့ သည်။

ယခုအခါ ဖန်ဒါစီယွန် ကျေးရွာ၏ အုပ်ချုပ်ရေး မှူး လုဇ်အက်စ်တဲလားဒူရန်းက မျက်မြင်များ၏ အဆိုကို ကိုးကားပြီး အခင်းဖြစ်ချိန်တွင် ဘတ်စ်ကား ယာဉ်မောင်းသည် ကလေးများကို ကူညီရန် မကြိုးစားဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့သည် ယာဉ်မောင်းကို ဖမ်းဆီးထား ပြီးနောက် လူသတ်မှုဖြင့် စွဲချက်တင်ဖွယ် ရှိနေကြောင်း သိရသည်။ ယာဉ်မောင်းသည် ဘတ်စ်ကားပေါ်တွင် ဓာတ်ဆီပုံးတစ်ပုံးကို အပိုတင်ဆောင်လာပြီး ယင်းသည် မီးလောင်မှုနှင့် ဆက်စပ်နေကြောင်း ရဲများက ယူဆထားသည်။

လက်ရှိအချိန်တွင် ကလေးငယ် (၂၀)ဝန်းကျင်မျှသည် ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရ ဆဲ ဖြစ်သည်။ ကိုလံဘီယာ သမ္မတ ဟွမ်မန်နျူရယ်လ် ဆန်းတို့စ်က သေဆုံးသွားသည့် ကလေးများ၏ ကျန်ရစ်သူ မိသားစုများကို ရည်ညွှန်းပြီး “ကျွန်တော်တို့အားလုံး ခင်ဗျားတို့နဲ့အတူ ရှိပါတယ်။ တစ်နိုင်ငံ လုံးဟာ ခင်ဗျားတို့နဲ့ထပ်တူ ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။ မီးလောင်မှုတွင် အသက်ဆုံးရှုံးခဲ့သော ကလေးများမှာ အသက်(၁)နှစ်ဝန်းကျင်မှ (၁၂)နှစ်မျှထိ ပါဝင်ကြောင်း သတင်းများက ဆိုသည်။ အဖမ်းခံ ရသော ယာဉ်မောင်း၏ အမည်ကို ဂျာမီဂူတီယာရက်ဇ်ဟု သတင်းများက ဖော်ပြခဲ့ပြီး ရဲတပ်ဖွဲ့သည် ဒေါသ ထွက်နေသည့် မြို့ခံများကြောင့် ၎င်း၏ လုံခြုံရေးကို အထူးဂရုပြု စောင့်ကြပ်နေရကြောင်းလည်း သိရှိရသည်။

Planet Myanmar Network


မှတ်ချက်များ