သားဖြစ်သူကို ကော်ဖီဆိုင်မှာ အချိန်ပိုင်းလုပ်ခိုင်းတဲ့ ဒေးဗစ်ဘက်ခမ်းတို့ ဇနီးမောင်နှံ

ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့သား ဘရွတ်ကလင်း ဘက်ခမ်းဟာ အနောက်လန်ဒန်က ကော်ဖီဆိုင် တစ်ဆိုင်မှာ အချိန်ပိုင်း အလုပ်တစ်ခုကို ဝင်ရောက် လုပ်ကိုင်လျက်ရှိပါတယ်။

မိသားစုနဲ့ရင်းနှီးတဲ့ သတင်းရင်းမြစ်တစ်ခုရဲ့ဖော်ထုတ် ချက်အရ ဘရွတ်ကလင်းကို သူ့မိဘတွေက ဒီအလုပ်လုပ်ဖို့ အားပေးခဲ့ပုံ ရတယ်လို့ဆိုပါတယ်။ဒီဆိုင်မှာလုပ်တဲ့အ တွက် သူဟာ တစ်နာရီကို ၂.၆၈ ပေါင် ရရှိမှာဖြစ်ပါတယ်။

သူ့အသက်အရွယ်ကြောင့် တစ်နေ့ကို ခုနှစ်နာရီထက် ဒီဆိုင်မှာ ပိုလုပ်ခွင့် ရမှာမဟုတ်ပါဘူး။ အမည်မဖော်လိုသူ ဆိုင်ဝန်ထမ်းတစ်ဦးရဲ့ အဆိုအရ သူက အခြားဝန်ထမ်းတွေ နဲ့လည်း အဆင်ပြေတယ် လို့ဆိုပါတယ်။

မိဘပိုက်ဆံ ထိုင်ဖြုန်းတာမျိုးမဟုတ်ဘဲ ကိုယ်ကိုကိုယ်တိုင် အောက်ခြေအလုပ် တစ်ခုကို ဝင်ရောက်လုပ် ကိုင်ခဲ့တဲ့ ဘရွတ်ကလင်းဘက်ခမ်းကို ဆိုရှယ်မီဒီယာတွေမှာ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Twitter အသုံးပြုသူတစ်ဦးက “အေးအေးဆေးဆေး ဇိမ်ခံလှဲနေလို့ရတဲ့ အသက် ၁၅ နှစ်မှာ သူ့ဘာသူ အလုပ်ရှာလုပ်တာ ဘရွတ်ကလင်းဘက်ခမ်းကို ချီးကျူးတယ်ဗျို့” လို့ရေးသားခဲ့ပါတယ်။


ဖိုးသူတော်

မှတ်ချက်များ