ဒါကတော့ ဘဲသား ကော်ရည်ခေါက်ဆွဲလေးပါ။ လုပ်ပုံအဆင့်ဆင့်လည်း သေချာရေးပေးထားပါ တယ်။အားလပ်ရက်များ မိသားစုနဲ့တူတူ လုပ်စား နိုင်အောင်ပါ။ ချက်နည်းကို ကြည့်ရအောင်။
ဘဲကော်ရည်အတွက် ပါဝင်ပစ္စည်းများ
ဘဲသား – တခြမ်း (အထဲမှ ကလီစာများကို သန့်စင်ပြီသား)
မှိုခြောက် – ရခု (ရေနွေးဖြင့်ပြုတ် ထားပေးပြီ အရှည်လှီးထားပါ)
ပဲလိပ် – ၅ကျပ်သား (လက်မအရွယ်လေးများ ပိုင်းထားကာ ရေစိမ်ထားပေးပါ)
ပန်းခြောက် – ၅ကျပ်သား (ရေစိမ်ထားပေးပါ)
ကြက်ဥ အကာ – ၃လုံး (ကြက်ဥအနှစ်များကို ဖယ်ပြီ အကာများ ခလောက်ထားပါ)
ကော်မှုန့် – ရ၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)
ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၅ဇွန်း
ဆား – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၄ဇွန်း
သကြား – စားပွဲတင်ဇွန်း ၅ဇွန်း
တရုတ်မာဆလာ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ေ ကော်ရည်ခေါက်ဆွဲနှင့် တွဲဖက်သုံးဆောင်ရန် ပါဝင်ပစ္စည်းများ
ခေါက်ဆွဲ – ၅၀ ကျပ်သား
ကြက်သွန်ဖြူ – ၅ခု (နှုတ်နှုတ်စဉ်းပြီ ကြက်သွန်ဖြူ ဆီချက် လုပ်ထားပေးပါ)
ပဲပင်ပေါက် – ၁၀ကျပ်သား (အမြှီးများ ဖယ်ပြီ ရေနွေးဖျော်ထားပေးပါ)
ကြက်သွန်မြိတ် – ၅စည်း (အရှည်လေးများ လှီးကာ ရေနွေးဖျော်ထားပေးပါ)
ကန်စွန်းရွက် – ၁စည်းတ၀က် (နွင်းပြီ ရေနွေးဖျော်ထားပေးပါ)
ငပိ – လက်တဆုတ်စာ
ြ ပြုလုပ်နည်း ။ ငရုတ်သီးစိမ်း ၆ထောင့်ကို ငပိနှင့် ရောထောင်းပြီ သံပရာသီး (၁လုံး) ညှစ်ထည့်ကာ ရေအနည်းငယ်ဖြင့် ခပ်ပျစ်ပျစ်လေး ခွက်တစ်ခုထဲတွင် ဖျော်ထားပါ။
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဘဲသားများကို ရေဖြင့် သန့်စင်အောင် ဆေးပြီ အတုံးကြီးများ တုံးကာ ဆား(စားပွဲတင်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ဖြင့် ရောနုယ်ထားပါ။
၂။ ထို့နောက် ဒယ်အိုးကြီးတစ်ခုထဲ ရေ(၅လီတာ)ထည့်ကာ ပွက်အောင်အထိ တည်ထားပေးပါ။
၃။ ရေဆူလာလျှင် ဘဲသားများကို ထည့်ကာ နူအောင်အထိ အဖုံးအုပ်၍ ၂နာရီခန့် တည်ထားပေးပါ။
၎။ ဘဲသား နူသွားပြီဆိုမှ ဘဲသားများကို ပြန်ဆယ်ကာ အသားနွင်းပေးပါ။
၅။ ပြီနောက် ဘဲပြုတ်ရည်အိုးထဲ ရေနွေး(၁လီတာ) ထပ်ထည့်ကာ ပွက်အောင် ပြန်တည်ထားပါ။
၆။ ဘဲပြုတ်ရည်များ ဆူလာလျှင် အသားနွင်းထားသော ဘဲသား၊ မှိုခြောက်၊ ပဲလိပ်၊ ပန်းခြောက်များကို ရောထည့်မွှေပေးပါ။
ရ။ ထို့နောက် အရသာအတွက် (တရုတ်မဆလာ၊ ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်) များ ထည့်မွှေလိုက်ပါ။
၈။ အရသာ အနေတော်သွားပြီဆိုလျှင် ဖျော်ထားသော ကော်ရည်များကို ဇွန်းဖြင့် ပြန်မွှေပြီ ဆူနေစဉ်အတွင်း ဖြည်းဖြည်းခြင်း လောင်းထည့်ပါ။
၉။ ဘဲသာကော်ရည် မပျစ်မကျဲ ဆူအောင်တည်ထားပေးပါ။
၁၀။ အရမ်းပွက်ပွက်ဆူလာမှ ခုနက ခနောက်ထားသော ကြက်ဥအကာများကို ဖြည်းဖြည်းခြင်း လောင်းထည့်ကာ မွှေပေးပါ။
မှတ်ချက် ။ ။ ဆူလာမှ ကြက်သာအကာများ ထည့်ပါ၊ မဟုတ်လျှင် ကော်ရည် နောက်သွားပါလိမ့်မည်။
၁၁။ ဘဲသား ကော်ရည်ရပြီဆိုလျှင် သုံးဆောင်ရန် ပြင်ဆင်ပါတော့မည်။
၁၂။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲ တစ်ယောက်စာ ခေါက်ဆွဲဖတ်၊ ရေနွေးဖျော်ထားသော (ကြက်သွန်မြိတ်၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်)ထည့်ပေးပါ။
၁၃။ ပြီမှ အပေါ်မှ ဘဲသားကော်ရည်လောင်းထည့်ကာ ငပိ၊ ကြက်သွန်ဖြူ ဆီချက်တို့ဖြင့် အရသာရှိသော ဘဲသားကော်ရည်ခေါက်ဆွဲကို သုံးဆောင်နိုင်ပါပြီ…
မှတ်ချက်။ ။ ယခုဖော်ပြထားသော ဘဲသား ကော်ရည်ခေါက်ဆွဲသည် (၁၀ယောက်စာ) သာဖြစ်ပါတယ်။
Wutyee Food House

မှတ်ချက်များ