ဆားဗီးယားတွင် နှစ်ပေါင်း ၁၂၀ အတွင်း အဆိုးဝါးဆုံးရေကြီး

ဆားဗီယားနိုင်ငံမှာ မိုးအသည်းအသန်ရွာသွန်းပြီး နှစ်ပေါင်း ၁၂၀ အတွင်း အဆိုးဝါးဆုံး ရေကြီးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

မေလ ၁၅ ရက်နေ့က ဆားဗီးယားဝန်ကြီးချုပ် အလက် ဆန်ဒါး ၀ူစခ်က ဆားဗီးယားတနိုင်ငံလုံးမှာ အရေးပေါ် အခြေအနေကြေညာခဲ့ပြီး ဥရောပကော်မရှင်၊ ရုရှားနဲ့ စလိုဗီးနီးယားနိုင်ငံတွေကို အကူအညီတောင်း ခံခဲ့ ပါတယ်။

ဆာဗီးယားနိုင်ငံအလယ်ပိုင်းမှာ ရေလွှမ်းမိုးမှုအဆိုးဆုံးဖြစ်ပွားပြီး အိမ်ထောင်စု ၁ သိန်းလောက် လျှပ်စစ်မီးဖြတ်ထားခံရတယ်လို့ စွမ်းအင်ဝန်ကြီး အလက်ဇန်းဒါ အန်တစ်က ဆိုပါတယ်။ ကယ် ဆယ်ရေးမီးသတ်သမားတဦး အပါအ၀င် လူလေးဦး ရေနစ်သေဆုံးခဲ့ပြီး လူ ၁၀၀၀ ကျော် နေအိမ်တွေကနေ ပြောင်းရွှေ့ခဲ့ရပါတယ်။

ရေလွှမ်းမိုးမှုကြောင့် နိုင်ငံကို လျှပ်စစ်ဓာတ်အားအဓိက ထောက်ပံ့ပေးနေတဲ့ ကျောက်မီးသွေးတွင်း ၂ တွင်းလည်း လုပ်ငန်းတွေ ရပ်ဆိုင်းထားရပါတယ်။ နိုင်ငံတ၀န်းကျောင်းတွေ အားလုံးကိုလည်း ပိတ်ထားရပါတယ်လို့ ဆိုပါတယ်။

ဒီဗွီဘီ

မှတ်ချက်များ