အဓိကမြို့ကြီးနှစ်မြို့ဖြစ်တဲ့ ရီယိုဒီဂျနေရိုးမြို့နဲ့ ဆော်ပေါ် လိုမြို့တွေမှာ ပြီးခဲ့တဲ့နှစ် တိုက်ကြီးများ ဖလားနဲ့ တိုက် ဆိုင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေနောက်ပိုင်း အကြီးဆုံး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြရတဲ့အဓိက အကြောင်းရင်းတွေကတော့ ဘရာဇီးနိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး၊ လူနေမှု အစစ ကျဆင်းနေချိန်မှာ ကမ္ဘာ့ဖလားဘောလုံးပွဲပေါ် ပြည်သူ့ဘဏ္ဍာတွေကို ပုံအောသုံးစွဲခဲ့တာကို မကျေနပ်လို့ ဆိုပါတယ်။
တချို့ကလည်း အစိုးရအာဏာပိုင်တွေရဲ့ အဂတိလိုက်စားမှုတွေ၊ လူထုဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပတ် သက်ပြီး ပေးထားတဲ့ ကတိတွေကို မဖြည့်ဆည်းပေးနိုင်သေးလို့လည်း ဆိုကြပါတယ်။
ကမ္ဘာ့ဖလားပွဲအတွက် ငွေတွေကို ပုံအောသုံးစွဲခဲ့တာဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ စီးပွားရေး လုပ်ငန်း ရှင်တွေနဲ့ နိုင်ငံရေးသမားတွေကိုပဲ အကျိုးရှိပြီး သာမန်လူထုတွေကတော့ အကျိုးမခံစားရဘူးလို့ ဆန္ဒပြ သူတဦးက ပြောဆိုပါတယ်။
ဆန္ဒပြသူတွေထဲမှာ ကျောင်းဆရာ၊ ဆရာမတွေလည်း အများအပြားပါဝင်ခဲ့ပြီး လုပ်ခလစာတိုးပေးဖို့နဲ့ ကောင်းမွန်တိုးတက်တဲ့ လုပ်ငန်းခွင်ရရှိရေး တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆော်ပိုလိုမြို့မှာ ဆန္ဒပြသူ ၁၂၀၀ ကျော်ရှိက ဆိုင်တွေ၊ ဘဏ်တွေကို ၀င်ရောက်လုယက်ခဲ့ကြပါတယ်။ နောက်ပိုင်း ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေခဲ့ပြီး ရဲတွေက အင်အားသုံး လူစုခွဲခဲ့ပါတယ်။
ဘရာဇီးနိုင်ငံမှာ ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပတာနဲ့ပတ်သက်ပြီး လူထုရဲ့ ကန့်ကွက် ဆန့်ကျင်မှုဟာ ၂၀၀၈ ခုနှစ်က ၁၀ ရာခိုင်နှုန်းပဲ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၄၁ ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။
ဒီဗွီဘီ

မှတ်ချက်များ