ဟောင်ကောင်တွင် သင်္ဘောနှစ်စီးတိုက် လူ ၃၈ ဦး ဒဏ်ရာရ

ဟောင်ကောင် တွင် ဗုဒ္ဓဟူးနေ့ညက ကျွန်းအပြင် ဘက် ချွန်းချောက်ကျွန်းငယ်အနီး ရေပြင်၌ သင်္ဘောနှစ်စီးတိုက်မိ ခဲ့ရာ လူ ၃၈ ဦး ဒဏ်ရာရ ခဲ့ကြောင်း အာဏာပိုင်များက ပြောကြား သည်။

တိုက်မိသည့် ယာဉ်နှစ်စီး တွင် တစ်စီးမှာ တရုတ်ပြည်မကြီး မှ သင်္ဘောဖြစ်ပြီး ကျန်တစ်စီးမှာ မကာအိုမှ အမြန်မောင်း ကူးတို့သင်္ဘော ဖြစ်ကြ သည်။

‘‘မကာအို ကူးတို့သင်္ဘော ဟာ ပြည်မကြီးကလာတဲ့ ယာဉ်နဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ မကာအို ကူးတို့ပေါ်မှာပါတဲ့ ခရီးသည် ၃၈ ဦး ဒဏ်ရာရခဲ့ပြီး ချွန်းချောက်ဆေးရုံမှာ ကုသထားရပါတယ်’’ဟု ဟောင်ကောင်အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

သင်္ဘောချင်းတိုက်မိမှုတွင် ပျောက်ဆုံးနေသူများ ပါဝင်ခြင်း ရှိ၊ မရှိနှင့် သင်္ဘောများ ကမ်းခြေ သို့ လုံခြုံစိတ်ချစွာ ပြန်ရောက်လာ ခြင်း ရှိ၊ မရှိ အာဏာပိုင်များက အတည်ပြုပြောကြားခြင်းမရှိပေ။

ဟောင်ကောင်တွင် ကျွန်း ပြင်ပရေပြင်၌ ယခုလအစော ပိုင်းကလည်း တရုတ်ကုန်တင် သင်္ဘောတစ်စီးနှင့် အခြားကုန် တင် သင်္ဘောတစ်စီးတို့ တိုက်မိခဲ့ ပြီး တရုတ်သင်္ဘောနစ်မြုပ်ခဲ့ရာ သင်္ဘောသား ၁၁ ဦး ပျောက်ဆုံးခဲ့သည်။

ထို့အပြင် ၂၀၁၃ နိုဝင်ဘာက ကျွန်းပြင်ပရေပြင်တွင် ဟောင်ကောင်-မကာအို အမြန်ကူးတို့ သင်္ဘောတစ် စီးနှင့် အမည်မဖော်ပြသော အရာဝတ္ထုတစ်ခုတို့ တိုက်မိမှုကြောင့် သင်္ဘောမှောက်ခဲ့ကာ လူ ၈၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ဟောင်ကောင်ကျွန်းရေပြင် မှာ ကမ္ဘာတွင် သင်္ဘောဖြတ်သန်း မှု အများဆုံးနှင့် အရှုပ်ထွေးဆုံး နေရာတစ် ခုလည်း ဖြစ်သည်။

7day

မှတ်ချက်များ