အော်ရီဒူးက မြန်မာ့ဘောလုံးအားကစားကဏ္ဍ ရေရှည်ထောက်ပံ့ရန် အစီအစဉ်ရှိဟုဆို

ဘောလုံးအားကစားကို လူငယ်နဲ့ ကလေးတွေ စိတ်ဝင် စား ပါဝင်လာအောင် လုပ်ဖို့ စီစဉ်ထားတယ်လို့ အော်ရီ ဒူး မြန်မာရုံးရဲ့ ဈေးကွက်ရှာဖွေရေးဌာန အကြီးအကဲ လော့ဇီယား မက်ပါးဆင် Ms. Lorxia Mcpherson က ပြောပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ ဒီနေ့ ပြုလုပ်တဲ့ MMF Ooredoo Cup ၂၀၁၄ ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်အတွက် မဲနှိုက်တဲ့ပွဲမှာ ဒီဗွီဘီကို ပြောလိုက်တာ ဖြစ်ပါတယ်။

အော်ရီဒူးအနေနဲ့ လက်ရှိမှာ မြန်မာဘောလုံးအဖွဲ့ချုပ်က ကျင်းပတဲ့ ရှုံးထွက်ဘောလုံးပြိုင်ပွဲကို ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ကျင်းပရေးဒါရိုက်တာ ဦးရဲမျိုးဟိန်းက အရင်နှစ်တွေနဲ့ မတူပဲ သုံးကျော့ ယှဉ်ပြိုင်နိုင်အောင် ရေးဆွဲထားတယ်လို့ ပြောပါတယ်။

အဲဒါကြောင့် MMF Ooredoo Cup ၂၀၁၄ ပြိုင်ပွဲဟာ ဧပြီလကနေ စက်တင်ဘာလအထိ ၆ လ ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒီဗွီဘီ

မှတ်ချက်များ