လာမယ့် ရွေးကောက်ပွဲတွေ အောင်မြင်ဖို့အတွက် သတင်းမီဒီယာတွေက ပူးပေါင်းကူညီပေးဖို့ လို အပ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီကနေ့ ပြောလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ Summit Park View ဟိုတယ် မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံရာ မှာ ပြောခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက် ခဲ့တဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် စာရေး ဆရာ ဦးသီဟစော က RFA ကို အခုလိုပြောပါတယ်။
“လက်ရှိရှိနေတာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၊ MJA တို့ အဲ့ဒီကကိုယ်စားလှယ်တွေနဲ့ သူတွေ့ပြီးတော့ မီဒီယာနဲ့ ကော်မရှင်နဲ့ကြားမှာ ရှေ့လျှောက် ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လိုကြမလဲနော် အဲ့ကိစ္စကိုပြော တာပါ၊ ရွေးကောက်ပွဲတစ်ခု အောမြင်ဖို့ဆိုလို့ရှိရင် ရွေးကောက်ပွဲကော်မရှင်တစ်ခုတည်းက အဓိကပိုင်းတာ ဝန်ကျတယ်။ ဒါပေမဲ့ တကယ်ဆိုရင်တော့ နိုင်ငံရေးပါတီတွေရယ်၊ လူမှုရေးအဖွဲ့အစည်းတွေရယ်၊ မီဒီယာတွေရယ် အားလုံးပူးပေါင်းဆောင်ရွက်ကြရင် ပိုပြီးအောင်မြင်မှာပါ၊ အဲ့ဒါကို မက်ဆေ့ခ်ျပေးချင်လို့ လုပ်တဲ့သဘောမျိုးလို့ ကျနော်မြင်တယ်”
ဒီနေ့တွေ့ဆုံရာမှာ လာမယ့်ရွေးကောက်ပွဲတွေအတွက် ကော်မရှင်ကနေ ပြင်ဆင်ထားတဲ့ အကြောင်းအ ရာတွေနဲ့ မကြာသေးခင်က ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ နည်းဥပဒေကြမ်း နဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီနေ့ ရွေးကောက်ပွဲကော်မရှင်ဥ က္ကဋ္ဌနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီယာယီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ နိုင်ငံခြား သတင်းထောက်များအသင်းတို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ ကြပါတယ်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံရာမှာပါ ၀င် ခဲ့တဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီအတွင်းရေးမှူး ဦးကျော်မင်းဆွေကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲ နည်းဥပဒေမူကြမ်းဟာ ထိန်းချုပ်ကန့်သတ်မှုတွေ များနေတယ် လို့ နိုင်ငံရေး သမားတွေက ဝေဖန်နေကြတဲ့အကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
RFA

မှတ်ချက်များ