ယာဉ်နှင့်ဆိုင်ကယ်တို့ တိုက်မိစဉ် ဆိုင်ကယ်နောက်မှလိုက်ပါစီးနင်းသူ ပြုတ်ကျပြီး နောက်ယာဉ်တစ်စီးမှ နင်းမိသဖြင့် သေဆုံး



၂၄.၃.၂၀၁၄ရက်နေ့ ၁၇၄၅အချိန် သန်လျင်မြို့နယ်၊ သန်လျင်-ကျောက်တန်း
လမ်းမကြီးအတိုင်း သန်လျင်ဘက်မှ ကျောက်တန်းဘက်သို့ သန်လျင်မြို့၊
(၈)ရပ်ကွက်နေ ထွန်းထွန်းနိုင်(၃၇)နှစ် မောင်းနှင်ပြီး နောက်ဘက်မှ ကရင်
(ခ)ကိုကျော်ထွန်း(၃၂)နှစ် လိုက်ပါစီးနင်းလာသည့် ၃၄ယ/----- လော်ဂျား ၁၂၅ ဆိုင်ကယ်သည် ပျဉ်ထောင်ကျောင်း သုဿ န်ရှေ့အရောက်တွင် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ကိုအောင်ဇော်ဦး မောင်းနှင်လာသည့် ၅က/---- Asia Topic Micro Bus နံသာစိမ်းရောင် ကိုယ်ပိုင်ယာဉ်၏ ရှေ့ဝဲဘက်ဘန်ဘာနှင့် မီးကြီးတို့အား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိစဉ် ဆိုင်ကယ်၏နောက်မှစီးနင်းသူ ကရင်(ခ)ကိုကျော်ထွန်း
မှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသွားခဲ့ရာ ၅က/---ယာဉ်၏နောက်ဖက်မှ
မောင်းနှင်လာသော 6F----SINO TRUCK အပြာရောင်အုတ်သယ်ယာဉ်၏
နောက်ဘီးအောင်သို့ ရောက်ရှိသွားခဲ့၍နင်းမိခဲ့သဖြင့် ကရင်(ခ) ကိုကျော်ထွန်းမှာ ဦးခေါင်းကွဲ၊ ယာခြေစုတ်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်
နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်အတွက် ဆိုင်ကယ်မောင်းနှင်သူ ထွန်းထွန်းနိုင် နှင့် 6F---- ယာဉ်မောင်း(စုံစမ်းဆဲ)တို့(၂)ဦးကို သန်လျင်
မြို့မရဲစခန်းယာဉ်(ပ) ၅၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အခင်းဖြစ်ပွားပြီး မောင်းနှင်
ထွက်ပြေးသွားသူ 6F---- ယာဉ်မောင်းကို ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်များ