ဒိန်းမတ်တက္ကသိုလ်ကျောင်းသားများနှင့် ၈၈မျိုးဆက်တွေ့ဆုံ



ယနေ့ မတ်လ ၂၅ ရက် မွန်းလွဲ ၁း၀၀ နာရီက ဒိန်းမတ်တက္ကသိုလ်ကျောင်းသားများအဖွဲ့သည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးခန်းသို့ ရောက်ရှိလာကြပြီး မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်များနှင့် ရင်းနှီးစွာ တွေ့ဆုံမေးမြန်းခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာ၌ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)နှင့် ပတ်သက်၍ သိလိုသည်များ၊ အနာဂတ် မြန်မာ့နိုင်ငံရေး အလားအလာများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး မွန်းလွဲ ၃း၀၀ နာရီတွင် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

The 88 Generation Peace and Open Society's

မှတ်ချက်များ