သင်ဟာ ကြည့်ကောင်းသူ တစ်ဦး ဟုတ်မဟုတ် စမ်းသပ်နိုင်တဲ့ အလွယ် နည်းလမ်း တစ်ခုဖြစ်ပြီး “finger trap test” လို့ အမည်ရပါတယ်။
Image and video hosting by TinyPic
စမ်းသပ်နည်းကတော့ ပုံမှာပြထားသလို လက်ညှိုးထောင်ပြီး နှာခေါင်းကနေ မေးစေ့အထိ ကပ်ထားကြည့်ပါ။ အဲလို ကပ်ထားတဲ့အခါ သင့်နှုတ်ခမ်းတွေက လက်ညှိုးအဆစ်တွေနဲ့ ထိနေတယ်ဆိုရင်တော့ သင်ဟာ တရုတ်တွေရဲ့ စံသံမှတ်ချက်အရ လှပတဲ့ သူ ဖြစ်ပါတယ်တဲ့။
အဲဒီ စမ်းသပ်နည်းဟာ တရုတ်ပြည်မှာ အလွန်ရေပန်းစားနေပြီး သရုပ်ဆောင်တွေ ၊အနုပညာရှင်တွေ ကိုယ်တိုင် သူ့တို့ကိုယ်သူတို့ လက်ညှိုးထောင်ပြီး စမ်းသပ်စစ်ဆေးနေပုံတွေကို နာမည်ကြီး လူမှုကွန် ယက်တွေမှာ ဓါတ်ပုံတွေ အပြိုင်အဆိုင်တင်နေကြတဲ့ အထိ ဖြစ်ပါတယ်။
Vocative.com မှ တင်ထားတဲ့ စာပိုဒ်အရ အဆိုပါ စမ်းသပ်ချက်ဟာ cosmetic surgeons တွေ အသုံးပြုတဲ့ သုံး အချိုး တစ် ပေါ်မှာ အနည်းငယ် အခြေခံထားတဲ့ စမ်းသပ်ချက်ဖြစ်ပြီး ယခုအခါ လူပေါင်း ၂သိန်းကျော်ဟာ Weibo မှာ ငြင်းခုန် ဆွေးနွေးနေကြပြီး အများစုကတော့ အမျိုးသမီးများ ဖြစ်ကြောင်း သိရပါတယ်။
ဒါပေမယ့် အဲဒီစမ်းသပ်ချက်ပေါ်မူတည်ပြီး သင်ဟာ ရုပ်ဆိုးတယ် ရုပ်ချောတယ်လို့ အတိအကျ မပြောနိုင်သေးတဲ့အတွက် အလွန်အမင်း စိတ်ပျက်ဖို့တော့ မလိုပါဘူး။
ဘာကြောင့်လဲ ဆိုတော့ ဒီစမ်းသပ်ချက်အတိုင်းသာ ဆိုရင် ဂျိုလီ၊ ဂျက်ဆီကာ အလ်ဘာတို့ ရုပ်ဆိုးတဲ့ စာရင်းဝင် ဖြစ်သွားမှာပေါ့။
World-Myanmar News

မှတ်ချက်များ