ဖေ့စ်ဘွတ်ခ် ပေါ်လစီမူဝါဒအသစ်ကို ဇွန်လ ၁ ရက်မှ စတင်ကျင့်သုံးမည်
ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်တွင် ဓာတ်ပုံတင်သူများနှင့် ပတ်သက်၍ တင်းကျပ်သော ပေါ်လစီမူဝါဒသစ် တစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁ရက်မှ စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ထုတ်ဖော်ကြေညာပါသည်။
ဖေ့စ်ဘွတ်ခ်ပေါ်တွင် အစားအသောက်၊ ဟင်းလျာ၊ သစ်သီး၊ မုန့်ပဲသရေစာ အဖျော်ယမကာစသည့် စားသောက်ဖွယ် အမျိုးမျိုးနှင့် ပတ်သက်သော ဓာတ်ပုံ တင်သူအားလုံး လိုက်နာရမည် ဖြစ်ပြီး ချိုးဖောက်သူများကို သုံးကြိမ်အထိ သတိပေး လိုက်နာစေမည် ဖြစ်၏။
သုံးကြိမ်သတိပေးလျက်နှင့် မလိုက်နာသူများကို ဖေ့စ်ဘွတ်ခ် အသုံးပြုခွင့် ချွင်းချက်မရှိ ရာသက်ပန် ပိတ်ပင်မည်ဖြစ်သည်။
အစားအသောက် ဓာတ်ပုံများဆိုင်ရာ ပေါ်လစီမူဝါသစ်မှာ မိမိတင်သော ဓာတ်ပုံကို Like လုပ်သူများအား ၎င်းအစားအသောက်ကို ပုံတွင် ပြထားသည့်အတိုင်း တစ်ပွဲစီ၊ Share လုပ်သူများကို ဓာတ်ပုံလက်ခံသူတိုင်းအတွက်ပါ တစ်ပွဲစီ ပို့ပေးရမည်ဟု စည်းမျဉ်းသတ်မှတ်လိုက်ခြင်း ဖြစ်သည်။
အစားအသောက် ဓာတ်ပုံတင်သူများသည် အခြားဖေ့စ်ဘွတ်ခ်အသုံးပြုသူများအား စိတ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်မှုများ ကျူးလွန်ရာရောက်သည်ဟု အမေရိကန် စိတ်အထူးကု ဆရာဝန်များအသင်းချုပ် (AAP) မှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် ဖေ့စ်ဘွတ်ခ်မှ ယခုကဲ့သို့ တင်းကျပ်သော စည်းမျဉ်းချမှတ်လိုက်ခြင်း ဖြစ်သည်။
New Policy For Facebook Users

မှတ်ချက်များ