တောင်ကိုရီးယား မြို့တော် ဆိုးလ်မြို့မှာ မြေအောက်ရထားနှစ်စီး တိုက်မိတာကြောင့် လူပေါင်း ၁၇၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံကို ခေါ်သွားကြပြီ ဖြစ်ပြီး၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရသူမရှိဘူး လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဆိုးလ်မြို့ အရှေ့ပိုင်းက မြေအောက်ဘူတာရုံတစ်ခုမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရပ်ထားတဲ့ မြေအောက်ရထားကို နောက်ရထားတစ်စီးက ဝင်တိုက်မိတာ ဖြစ်ပါတယ်။
ရထားပေါ်ကနေ ခရီးသည်တွေကို ရထားအတွင်းမှာဘဲနေဖို့ ကြေညာနေတဲ့ကြားထဲက ခရီးသည်တွေဟာ နားမထောင်ဘဲ တံခါးတွေကို အတင်းတွန်းဖွင့်ပြီး ခုန်ချကြတာ လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။
ဘီဘီစီ


မှတ်ချက်များ