၂၁.၅.၂၀၁၄ရက်နေ့ ၁၆၀၅ အချိန် သုံးခွမြို့နယ်၊ ကတုံးပေါ်ရဲ ကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သုံးခွမြို့နယ်၊ တမံကြီးကျေး ရွာ၊ မြောက်ကွင်းတဲစုတွင် အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရ ၍သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ၎င်းကျေးရွာနေ ကိုအောင်ဆန်းမင်း (၃၃)နှစ် ဖြစ်ပြီး ၎င်းတွင် ခန္ဓာကိုယ်မီးလောင်ကျွမ်း၊နားနှစ်ဘက်သွေး ထွက် ဒဏ်ရာများရရှိထား သည်ကို တွေ့ရှိခဲ့ရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် အဆိုပါနေရာရှိ ကန်ဘောင်ဘေး၌ အခြားအလုပ်သမားများနှင့်အတူ မြေတူးနေစဉ် မိုးကြိုးထိမှန်ပြီး လဲကျသေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သုံးခွမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၂/၂၀၁၄)ဖြင့်ရေးဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
မှတ်ချက်များ