လင်မယားစကားများရန်ဖြစ်ခဲ့စဉ်က ဖျန်ဖြေပေးသူအားလှံဖြင့်သွားရောက် ထိုးရာ ဖျန်ဖြေသူမှ လှံကိုလုကာပြန်ထိုးသဖြင့် သေဆုံး

၂၀.၅.၂၀၁၄ ရက်နေ့ ၁၈၀၀အချိန် သုံးခွမြို့နယ်၊ သာဂရကျေးရွာနေဒေါ်မခင်မှ ၎င်းသည် နေ အိမ်၌ ရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးခိုင်မြင့်၊ (၄၈)နှစ်မှ ၎င်းအား အကြောင်းမဲ့ဆဲဆိုကြိမ်းမောင်း ရန်လုပ်နေသဖြင့် ရွာထဲရှိ အခြားအိမ်သို့ရှောင် တိမ်းနေခဲ့ကြောင်း၊ ၂၁၀၀ အချိန်ခန့်တွင် ခင်ပွန်း ဖြစ်သူနေအိမ်တွင်မရှိ ခိုက် အိမ်သို့ပြန်အိပ်နေ ခဲ့ကြောင်း၊ ၂၂၀၀ အချိန်ခန့်တွင် ခင်ပွန်းဖြစ်သူပြန်လည်ရောက်ရှိလာပြီး ၎င်းကိုလှံဖြင့်ထိုးခဲ့ရာမထိုးမိဘဲ လွဲချော်သွားခဲ့ကြောင်း၊ ထို့သို့လှံနှင့်ထိုးခဲ့၍ ၎င်းမှသားဖြစ်သူအား ခေါ်ဆောင်ကာ တစ်ရွာတည်းနေဖခင်ဖြစ် သူနေအိမ်သို့သွားရောက်အိပ်ခဲ့ကြောင်း၊ ၂၁.၅.၂၀၁၄ရက်နေ့ ၀၆၀၀အချိန်ခန့်တွင် ခင်ပွန်းဖြစ်သူ ခိုင်မြင့် မှာ ၎င်းတို့လင်မယားအခင်းဖြစ်ပွားစဉ်က ၀င်ရောက်ဖျန်ဖြေပေးခဲ့သည့် တစ်ရွာတည်းနေ ဦးသိန်းထွန်း ၏နေအိမ်သို့သွားရောက်ခဲ့ပြီး ဦးသိန်းထွန်း ကို လှံဖြင့်ထိုးခဲ့ရာ မထိုးမိခဲ့ကြောင်း၊ ဦးသိန်းထွန်းမှ ခင်ပွန်းဖြစ်သူထံမှ လှံကိုလုယူကာ ပြန်ထိုးခဲ့သဖြင့် ခင်ပွန်းဖြစ်သူတွင် ၀ဲ/ယာရင်အုံထိုးသွင်းဒဏ်ရာ (၁)ချက်စီနှင့် ၀ဲညှပ်ရိုးပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိ ခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့
ကြောင်း သိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ သုံးခွမြို့မရဲစခန်း(ပ)၂၀၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ ဦးသိန်းထွန်းအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်များ