ကားဝယ်ယူရာတွင် တန်ဖိုးကို နိုင်ငံခြားမှ တိုက်ရိုက် လွှဲပြောင်းပေးချေခြင်းမျိုး မပြုလုပ်ရန် သတ်မှတ်ထားကြောင်း သိရ

မော်တော်ယာဉ်တန်ဖိုးကို နိုင်ငံခြားမှ တိုက်ရိုက် လွှဲပြောင်းပေးချေခြင်း၊ နိုင်ငံခြား ကုမ္ပဏီတွင်တိုက်ရိုက်ပေး သွင်းပြီး မြန်မာနိုင်ငံ မော်တော် ကား အရောင်းစင်တာ မှ မော်တော်ကား ထုတ်ပေးခြင်းစသည့် စနစ် များဖြင့် ရောင်းချခြင်း မပြုရကြောင်း သိရသည်။

မော်တော်ယာဉ် ရောင်းချရသည့် နိုင်ငံခြားငွေကို MFTB/ MICB ဘဏ်နှင့် နိုင်ငံခြားငွေ လုပ်ကိုင်ခွင့်ရှိသော ပုဂ္ဂလိက ဘဏ် တစ်ခုခုတွင် ဖွင့်လှစ်ထားသည့် မော်တော်ကား အရောင်းစင်တာ၏ နိုင်ငံခြားငွေ စာရင်းတွင် ထည့် သွင်း အပ်နှံရမည် ဖြစ်သည်။

တင်သွင်းရောင်းချပြီးသည့် မော်တော်ကားများအတွက် ရောင်းချရငွေကို ပြည်ပမှ မော်တော်ကား အပ်နှံပေး ပို့သူထံလွှဲပြောင်းပေးပို့ခြင်းအားသတ်မှတ်ထားချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံခြားငွေဖြင့်ပေးချေ ရမည့် မော်တော်ကားတန်ဖိုးကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ် အပါအဝင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခွင့်ရှိ သည့် တရားဝင်ဘဏ် တစ်ခုခုတွင် ဖွင့်လှစ်ထား သည့် နိုင်ငံခြားငွေစာရင်းမှ စာရင်းပြောင်းပေးချေသည့် စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်တန်ဖိုးကို ဆိပ်ကမ်းအရောက်တန်ဖိုးနှင့် ကော်မရှင်ခ (၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းထက် မပိုသော) နိုင်ငံခြားငွေဖြင့် မည်မျှကျသင့်သည်၊ အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဆိပ်ကမ်းခွန် စသည့် အခွန်အခများနှင့် ပြည်တွင်းသယ်ယူပို့ဆောင်စရိတ် မြန်မာကျပ်ငွေဖြင့် မည်မျှကျသင့်သည်တို့ကို ဈေးနှုန်း ကတ်ပြားတွင် ခွဲခြားဖော်ပြ၍ ချိတ်ဆွဲပြသပြီး ယင်းနှုန်းထားအတိုင်း ရောင်းချရမည်ဖြစ်ကြောင်းအစရှိ သည်ဖြင့် သတ်မှတ်ထားသည်။ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန် သတ်မှတ်ထားသော သတ်မှတ်စည်းကမ်းများအား လိုက်နာခြင်းမရှိပါက ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

အရောင်းစင်တာဖွင့်လှစ်ခြင်း၊ မော်တော်ကားသိုလှောင်ရုံများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာစည် ပင်သာယာရေးကော်မတီများ၏ လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုချက်ရယူဆောင်ရွက်ရန် လိုက်နာဆောင်ရွက် ရမည့် အချက်များတွင် တစ်ချက်အဖြစ် ထည့်သွင်းဖော်ပြထားသည်။

Internet Journal

မှတ်ချက်များ