ကိုရမ်ကျမ်းစာ စာအုပ်စင်အပေါ် အမွှေတိုင်ပူဇော်ထားရာမှ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဗညားဒလ လမ်းမကြီး မင်္ဂလာအိမ်ရာစီမံကိန်း တိုက်အမှတ် B-1 အခန်း ၁၀၄ တွင် ၁၇-၀၅-၂၀၁၄ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မီးလောင်မှုအား စစ်ဆေးရာ ကိုရမ်ကျမ်းစာ စာအုပ်စင်ပေါ်တွင် အမွှေးတိုင်ပူဇော်ထားရာမှ အမွှေးတိုင်မီးပြုတ်ကျ၍ စတင်လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ခုတင် ၂ လုံး၊ ၃၂ လက်မ LCD TV ၁ လုံး၊ ရေခဲသေတ္တာ ၁ လုံး၊ လေအေးစက် ၁ လုံးနှင့် အခန်းအရှေ့ဘက်ခြမ်း မီးလောင်သွားပြီး တန်ဖိုးငွေကျပ် ၄၅၀ ၀၀၀ ဖိုးခန့် ဆုံးရှုံးပြီး အိမ်ငှားဖြစ် သည့် အစ္စလာမ်ဘာသာဝင် ဒေါ်တင်တင်ဝင်း အသက် ၄၄ နှစ်အား တာမွေမြို့နယ် ရဲစခန်းမှ (ပ) ၂၅၉ /၂၀၁၄ ပုဒ်မ-၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။

မီးလောင်မှုကြောင့် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ခဲ့ရကြောင်း သိရသည်။

Shwe Myanmar Media

မှတ်ချက်များ