တပ်မတော် ဒုတပ်ကြပ်တစ်ဦးမှ ရဲတပ်ကြပ်ကြီးအား သေနတ်ဖြင့် ပစ်သတ်

၂၀၁၄ခုနှစ် မေလ(၅)ရက်နေ့ နေ့လည်(၂)နာရီ(၃၀) မိနစ်အချိန်က အင်းတော်မြို့နယ်အပိုင် နန်မ ကြိုင်းကျေးရွာအနီးရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ထိုင်နေသည့် ရဲတပ်ကြပ်ကြီးတစ်ဦးအား ဖျာပုံအခြေ စိုက် ခလရ(၉၈)မှ ဒုတပ်ကြပ်တစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခံရသူ ရဲတပ်ကြပ်ကြီးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံး သွားခဲ့ပါသည်။

ဖြစ်ပွားပုံမှာ နဘားဓါတ်အားခွဲရုံတွင် လုံခြုံရေးတာ ၀န်ကျနေသူ ရဲတပ်ကြပ်ကြီးကီခွီးရှိန်(ခ)ဦးချင်း (၄၂နှစ်)(လ ၁၅၃၃၂၄)သည်အရပ်ဝတ်ဖြင့် နန်မကြိုင်းရွာ ရွှေစကားဝါစားသောက်ဆိုင်တွင် နန်မကြိုင်းရွာသား(၃)ဦးနှင့် နေ့လည်စာစားပြီး စကားထိုင်ပြောနေစဉ် ဒုတပ်ကြပ်စန်းနိုင်(တ/၇၇၉၁၆)ဆိုသူသည် အရပ်ဝတ်ဖြင့်ဝင်ရောက်လာခဲ့ပါသည်။

ထိုသို့ဝင်ရောက်လာပြီး ရဲတပ်ကြပ်ကြီးကီခွီးရှိန်(ခ)ဦးချင်းထံသို့ ဦးတည်သွားရောက်၍ “မင်း ငါ့တပည့်ကို ဘာပြောတာလဲ”ဟု မေးခဲ့ပြီး ပါလာသည့် MA3သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ပါသည်။

သေနတ်ကျည်ဆန်သည်ူ ရဲတပ်ကြပ်ကြီးကီခွီးရှိန်(ခ)ဦးချင်း၏ ၀ဲလက်ရင်အုံကိုထိမှန်ခဲ့ပြီး နေရာတွင် သေဆုံးသွားခဲ့ပါသည်။

(ဟာဂျူလီ-ကသာ) facebook

မှတ်ချက်များ