ပစ်တိုင်းထောင်အခွေဟာ အရင်အခွေထက် ပိုဟစ်ပ်ဟော့ဆန်လိမ့်မယ်လို့ ဖွင့်ဟလိုက်တဲ့ မိစန္ဒီ


ဟစ်ပ်ဟော့ဂီတကို ခုံမင်စွာ သီဆိုတဲ့ ရက်ပ်ပါတွေထဲမှာ ရှားရှားပါးပါး မိန်းကလေးရက်ပ်ပါ တစ်ယောက်ဖြစ် တဲ့ မိစန္ဒီက မကြာခင်ထွက်ရှိတော့မယ့် သူမရဲ့ ပစ်တိုင်းထောင်အယ်လ်ဘမ်နဲ့ ပတ်သက်ပြီး ‘ခု မိစန္ဒီ ပစ်တိုင်းထောင်ခွေလေးကို ဇွန် ၁ ရက်ကနေ ၈ ရက်နေ့အတွင်းထွက်နိုင်အောင်တော့ မှန်းထားတာပဲ။ 

ဒီအခွေလေးကို ပထမအခွေလောက်မကောင်းမှာကို မိစန္ဒီအရမ်းစိုးရိမ်တယ်။ စိတ်လဲပင်ပန်းတယ်။ လူလဲမောတယ်။ စိုးလဲစိုးရိမ်တယ်။ ကြားထဲမှာလဲ ကြာသွားတယ်။ ထွက်မဲ့အချိန်ကလဲ မိုးတွင်းကြီးဆိုတော့ စိတ်ပူရတာတွေ များပါတယ်။ အဓိက ကတော့ လူငယ်တွေကြိုက်မဲ့ လူငယ်တွေ သဘောကျမဲ့ သီချင်းတွေများတယ်လို့ ပြောလို့ရပါတယ်။ မိစန္ဒီ ကိုယ်တိုင်က လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် စကားလုံးလေးတွေကအစ သေသေသပ်သပ် လှလှပပလေးတွေ သုံးနှုန်းထားတယ်။ 

ပရိသတ်အတွက်လဲ အင်အားလေးတွေ ဖြစ်စေရမယ်။ နောက်ပြီး ကိုယ်ပြန်နားထောင် တဲ့အချိန်မှာလဲ ကိုယ်လျှောက်လမ်းခဲ့တဲ့ ပုံရိပ်တွေကို ထင်ဟပ်စေသော သီချင်းမျိုးပေါ့။ အဲဒီလိုလေးတွေ မိစန္ဒီရေးထားတာပါ။ Featuring က အခုလောလောဆယ်တော့ မိစန္ဒီတို့ စီစဉ်ထားတာကတော့ ထက်ထက်ပါမယ်။ ရဲရင့်အောင်ပါမယ်။ တခြားသူတွေလဲ ပါပါသေးတယ်။ ဒီအခွေထဲမှာတော့ မိစန္ဒီ အကြိုက်ဆုံး သီချင်းက သော့ခတ်ထားတယ် ဆိုတဲ့သီချင်းလေးပေါ့။ အဲဒါလေးကြိုက်တယ်။ 

နောက်တစ်ပုဒ်က ကိုသားသား ရေးပေးထားတဲ့ သီချင်းလေး။ အဲဒီသီချင်းလေးလဲ မိစန္ဒီကြိုက်တယ်။ နာမည်တော့ မပေးရသေးဘူး။ အကုန်လုံးတော့ ကြိုက်ပါတယ်။ အရင်ပုံစံထက် ပိုပြီး လူငယ်ဆန်လာမယ်။ Rapပိုများမယ်။ ပိုပြီး Hip Hop ဆန်မယ်။ Melody ဆန်တဲ့ဟာလေးတွေလဲ ပါပါတယ်။ ထည့်ထားတဲ့ သီချင်းတွေ အကုန်လုံးက မိစန္ဒီ ခံစားချက်သီချင်းတွေ ပါပါတယ်။ မခံစားရရင် မရေးတတ်ဘူး။ သူများလဲခံစားလို့ရအောင် ရေးပေးထားပါတယ်’လို့ သူမက ပြောပြသွားပါတယ်။

ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ