အချစ်ကို အရမ်းရူးသွပ်တဲ့သူတွေထဲမှာ သူမပါဘူးလို့ ဆိုလိုက်တဲ့ ဆုပန်ထွာ


သရုပ်ဆောင် ဆုပန်ထွာဟာ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလာခဲ့တာ အခုဆိုရင် ဆယ်စုနှစ် တစ်ခုကို ကျော်ခဲ့ပါပြီ။ သူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုအပြင်၊ အားလုံးစိတ်ဝင်စားနေတဲ့ အချစ်ရေး သတင်းနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ ‘အခုလတ်တလောမှာတော့ ဇာတ်လမ်းတွဲရိုက်နေတယ်။ 

 ဇာတ်လမ်းတွဲ ဆိုပေမဲ့ အရင်ဇာတ်လမ်းတွဲထဲမှာက ရှေ့နေမလေး တစ်ယောက် ကာရိုက်တာပါ။ ဇာတ်လမ်း တွဲကနှစ်လ၊ သုံးလလောက် ရိုက်ရမှာ ဆိုပေမယ့် ကိုယ့်အတွက် အဓိကနေရာက လုပ်ရမယ့် ကာရိုက်တာ မျိုးဖြစ်နေတာရယ်၊ ပြီးတော့ ဒီဇာတ်လမ်းလေးက ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် ဇာတ်လမ်းလေး ဖြစ်နေလို့ပါ။ ပန်ပန်ကို သင်္ကြန်မတိုင်ခင် ကတည်းက ကားရိုက်ကမ်းလှမ်း လာတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီဘက်မှာ ဇာတ်လမ်းတွဲ ရိုက်ဖို့ လက်ခံထားတော့ ငြင်းလိုက်ရပါတယ်။ ငြင်းလိုက်တယ် ဆိုတာကလည်း ကိုယ်က ကိုယ်ယူထားတဲ့ အနုပညာကြေးနဲ့ တန်အောင် အိုက်တင်ကိုလုပ်ပြချင်တာပါ။ 

ဇာတ်လမ်းတွဲတွေက ရှေ့မှာလည်း ရိုက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရှေ့မှာ ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲလို အခုဇာတ် လမ်းတွဲက ဇာတ်လမ်းတွဲပုံစံမျိုး မဟုတ်ပဲ အမှုတစ်ခုချင်းစီကို တစ်ခန်းချင်းစီ ဖော်ထုတ်ကြတာပါ။ အစအဆုံး စုစုပေါင်း ရှစ်ခန်းရိုက်ကူး ပေးဖို့ လက်ခံထားပါတယ်။ အခုချိန်မှာတော့ အချစ်ရေးက အေးအေးဆေးဆေး ပါပဲ။ ဒါပေမဲ့ အချစ်ကို အရမ်းရူးသွပ်တဲ့ သူတွေထဲမှာတော့ မပါပါဘူး။ ချစ်သော ပရိသတ်ကြီးအတွက် ဘယ် လို အတိုက်အခိုက်တွေ၊ အခက်အခဲတွေဖြစ်နေပါစေ အနုပညာအလုပ်တွေကို ဒီထက်မက ကြိုးစားနေ ပါတယ်’လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

စန္ဒီ | Trend Myanmar

မှတ်ချက်များ