ရေငုပ်ပြီး ၅ မိနစ်အကြာမှာပဲ ရေငုပ်သမားဟာ ရေဒီယို ဆက်သွယ်ရေး ပြတ်တောက် သွားခဲ့ပြီး ရေပေါ်ကို ပြန်ဆယ်ယူလာတဲ့ အချိန်မှာ အသက်ရှူရပ်နေတဲ့အ တွက် ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့ခဲ့ရပြီးနောက် ဆေးရုံ မှာ သေဆုံးသွားတယ်လို့ ဆေးရုံက အတည်ပြု ပါတယ်။ရေငုပ်သမားဟာ ကယ်ဆင်ရေးလုပ်ငန်းတွေကို ဦးဆောင်တဲ့ ကုမ္ပဏီက ၀န်ထမ်း ဖြစ်ပါတယ်။
ဧပြီ ၁၆ ရက်နေ့က နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်မှာ ခရီးသည်နဲ့ သင်္ဘောဝန်ထမ်း ၄၇၆ ယောက် လိုက်ပါသွား ခဲ့ပြီး ၃၃၉ ယောက်ကတော့ အထက်တန်း ကျောင်းတကျောင်းတည်းက ကျောင်းသားကျောင်း သူတွေနဲ့ ဆရာဆရာမတွေ ဖြစ်ပါတယ်။
ဂျယ်ဂျူးကျွန်းဆီကို အပန်းဖြေခရီးထွက်ရင်းနဲ့ နစ်မြုပ်သွားတာ ဖြစ်ပြီး လူ ၁၇၄ ယောက်ကိုပဲ ကယ်တင်နိုင် ခဲ့ပါတယ်။
မေ ၆ ရက် ဒီနေ့ မနက်ပိုင်းအထိ ၂၆၃ လောင်းကို ပြန်ဆယ်ယူနိုင်ပြီး ၃၉ လောင်းကတော့ ပျောက်ဆုံးနေပါ တယ်။
ဒီဗွီဘီ

မှတ်ချက်များ