အဲဒီအတွက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက ဧပြီ ၃၀ ရက်နေ့က ပြောင်ပြောင်တင်းတင်း အာခံလိုက်ပါ တယ်။
ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်းဆုဘန်က ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရကို ဖြုတ်ချဖို့ နောက်ဆုံးတိုက်ပွဲ ဆင်နွှဲမယ်လို့ ကြေညာလိုက်ပါတယ်။
သူ့ရပ်တည်ချက်က ရွေးကောက်ပွဲမလုပ်ခင် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုတာ ဖြစ်ပြီး ဆန္ဒပြမှု နောက်တကျော့ကို မေ ၁၄ ရက်နေ့ စမယ်လို့ ကတိပြုလိုက်ပြီး အစိုးရနဲ့ရော ဘယ်နိုင်ငံရေးသမားနဲ့မှ ဈေးဆစ်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
ကျန်းမာရေးအခမဲ့ စောင့်ရှောက်မှုနဲ့ ဆင်းရဲသားတွေအတွက် ချေးငွေစတဲ့ လူကြိုက်များရေး မူဝါဒတွေကို သုံးပြီး နိုင်ငံရေးအာဏာကို ရခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ လက်ရှိ ၀န်ကြီးချုပ် ယင်းလပ်ရှင် နာဝပ်မောင်နှမရဲ့ သြဇာလွှမ်းမိုးမှုကို အပြီးတိုင် နှိမ်နင်းမယ်လို့ ဆန္ဒပြသူတွေက ရည်မှန်းထားပါတယ်။
ဒီဗွီဘီ

မှတ်ချက်များ