သွေးတွင်းကို လက်စထရောများခြင်း
စတေတင်(Statin)ဆေးတွေက အ သည်းမှာ ကိုလက်စထရော အဖြစ်ပြောင်း လဲပေးတဲ့ အင်ဇိုင်းကို တားဆီးပေးပါ တယ်။ ဆရာဝန်တွေက တစ်နှစ်ကို အဆီ ကျဆေး စတေတင် ၄၅ ဘီလျံကျော် လောက် ဆေးညွှန်းရေးတာကို တွေ့ရပါ တယ်။
အစားထိုးသုံးနိုင်သော နည်းလမ်း
သင်ရဲ့ အစားအသောက် ပုံစံကို ပြောင်းလဲပြုပြင် လိုက်ပါ။ အုတ်ဂျုံ၊ ကြက် သွန်ဖြူ၊ သံလွင်ဆီနဲ့ ဝိုင်နီတွေက ခန္ဓာ ကိုယ်တွင်း ရောင်ရမ်းမှုတွေကို ကျစေပါ တယ်။ သွေးတွင်း မကောင်းတဲ့ ကိုလက် စထရော(LDL)ကို ကျစေပြီး ကောင်းတဲ့ ကိုလက်စထရော(HLD)ကို သဘာဝအ တိုင်း မြင့်တက် စေပါတယ်။ ကြက်သွန်ဖြူ မှာ နှလုံးကို ကာကွယ်ပေးတဲ့ အမိုင်နို အက်စစ် ဗူငခငည ပါဝင်ပါတယ်။ ဗူငခငည က သွေးကြောနံရံမှာ ကပ်တင်နေတဲ့ ကို လက်စထရော အဆီတွေကို ဖယ်ရှားပေး ပြီး နှလုံးကို ကျန်းမာစေပါတယ်။ လေ့ လာမှုတွေအရ ဝိုင်နီသောက်တာက သွေးတွင်းမှာ ကောင်းတဲ့ အဆီကို တိုးပွား စေပြီး အဆီခဲတွေ ပိတ်ဆို့တာကို ကာ ကွယ်ပေးပါတယ်။
Tip
ငယ်လေး တစ်ကွက်ကို တစ်ပတ် သုံး- လေးကြိမ် စားပေးပါက စတေတင် ဆေးသောက်သုံးမှုထက် နှလုံးရောဂါ ဖြစ်ပွားမှုကို ၂၅ ဆ ပိုမို လျှော့ချပေး နိုင်ပါတယ်။
နာကျင်ခြင်း (ပါရာစီတမော)
ပြီးခဲ့တဲ့နှစ်က အမေရိကန်မှာ နာ ကျင်မှု ဝေဒနာအတွက် ဆရာဝန်တွေက ပါရာစီတမော ဆေးကို ၁၃၁ ဘီလျံ လောက် ဆေးညွှန်းရေး ခဲ့ပါတယ်။
အစားထိုး သုံးနိုင်သော နည်းလမ်းများ
နာကျင်မှုက သင့်ကို အနှောင့်အ ယှက် ဖြစ်စေပါတယ်။ နာကျင်မှုအတွက် ညွှန်းတတ်တဲ့ ဆေးထဲမှာ ပါရာစီတမော ပါဝင်ပြီး ရေရှည်သောက်သုံးပါက အ သည်းကို ထိခိုက်စေ ပါတယ်။ နာကျင်မှု သက်သာစေတဲ့ ဆေးတွေက ရောဂါ လက္ခဏာကိုသာ သက်သာစေပြီး ရောဂါ ရဲ့ဇာစ်မြစ်ကို ဖော်ထုတ်ပေးနိုင်စွမ်း မရှိပါ။ နာကျင်မှုက ခန္ဓာကိုယ်ရဲ့ အာရုံကြော စနစ်ပေါ်မှာ သက်ရောက်မှု ရှိတာကြောင့် ဖြစ်ပေါ်လာရတာပါ။ အပ်စိုက်ကုသ တာက ဘေးထွက် ဆိုးကျိုးမရှိဘဲ နာကျင် မှုကို ပျောက်ကင်းစေပါတယ်။
သွိုင်းရွိုက် ဟော်မုန်းနည်းခြင်း
အသက် ၅၀ ကျော်အရွယ် အမျိုး သမီးတွေမှာ သိုင်းရွိုက်ဟော်မုန်းနည်း တာကို အများဆုံးတွေ့ရပါတယ်။ အ မုန်းနည်းတာကို ခံစားနေကြရပါတယ်။ ဆရာဝန်တွေက တစ်နှစ်ကို သိုင်းရွိုက် ဟော်မုန်းနဲ့ ဆင်တူတဲ့ဟော်မုန်းဆေး ၇၀ မီလျံကျော်ကို ဆေးညွှန်းပေးရလေ့ရှိပါ တယ်။
အစားထိုး သုံးနိုင်သောနည်းလမ်း
ခန္ဓာကိုယ်မှာ သတ္ထုဓာတ်လိုအပ်ချက် ရှိ၊ မရှိ စစ်ဆေးပါ။ သွိုင်းရွိုက် ဟော်မုန်းနည်းတာ ခန္ဓာကိုယ် ခုခံဓာတ်က ပြန်လည်တိုက်ခိုက်တာကြောင့် ဖြစ်တတ်ပါတယ်။ သံဓာတ်ချို့တဲ့တာ၊ အိုင်အိုဒင်းဓာတ်ချို့တဲ့တာနဲ့ ဆီလီနီယမ် ဓာတ်တွေ ချို့တဲ့တာကြောင့်လည်း သိုင်း ရွိုက်ဟော်မုန်းနည်းတာဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းအတွက် ဖြည့်စွက် သတ္တုဓာတ်တွေ သောက်သုံးမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးဖို့ လိုပါတယ်။ သင့်မှာ နှလုံးရောဂါရှိပါက သိုင်းရွိုက်ဟော်မုန်းအတွက် ဖြည့်စွက် ဆေးတွေ သောက်သုံးပါက နှလုံးခုန်မြန် ပြီး နှလုံးအောင့်တာ၊ နှလုံးတိုက်ခိုက် ခံရတာတွေ ဖြစ်တတ်ပါတယ်။
စားချဉ့်ပြန်ခြင်း
ဆရာဝန်တွေက အစာအိမ် အနာကုသဆေးတွေထဲက Omeprazole တစ်ခု ထဲကို တစ်နှစ်အတွင်းမှာ ရှစ်မီလျံလောက် ဆေးညွှန်းစာ ရေးလေ့ရှိပြီး အစာအိမ်အ နာ ကုသဆေးပေါင်း ဆိုရင်တော့ ၅၃ဒသ မ၄မီလျံလောက် ညွှန်းပေးလေ့ ရှိပါတယ်။
အစားထိုးသုံးနိုင်သော နည်းလမ်းများ
သဘာဝနည်းလမ်းတွေနဲ့ ပျောက် ကင်းအောင် ကြိုးစားသင့်ပါတယ်။ အစာ အိမ်အနာပျောက်ဆေးတွေက အစာအိမ် ထဲမှာရှိတဲ့ ဟိုက်ဒရိုကလိုရစ်အက်စစ် ထွက်ရှိတာကို တားဆီးပေးပါတယ်။ ဒီလို တားဆီးလိုက်တာကြောင့် အူအတွင်းမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားစေပြီး သတ္တုဓာတ်စုပ်ယူမှုကို ဟန့်တားတာကြောင့် သတ္တုဓာတ် ချို့တဲ့နေစေပါတယ်။ စား သောက်နေထိုင်မှုပုံစံကို ပြောင်းလဲတာက လည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ကိုယ်နဲ့မတည့်ဘူးထင်တဲ့ အစားအစာနဲ့ စားလိုက်ပါက အစာအိမ်နဲ့ပတ်သက်ပြီး ဝေဒနာခံစားရတာတွေဖြစ်တတ်တဲ့ အ စားအစာမျိုးတွေကို ရှောင်ပါ။ အစာစား တဲ့အခါ ဖြည်းဖြည်းချင်းစားပါ၊ စိတ်ဖိစီးမှု နည်းနိုင်သမျှ နည်းအောင် လျှော့ချပါ။
ပိုးဝင်ခြင်း
အဆုတ်အတွင်းပိုးဝင်တာ၊ နှာ ခေါင်းဘေးရှိ ရိုးတွင်းလေအိတ်ငယ်တွင် ရောင်တာနဲ့ တခြားပိုးဝင်တာတွေအ တွက် ဆရာဝန်တွေက တစ်နှစ်ကို ပိုး သတ်ဆေး ၁၀ဝ မီလျံလောက် ဆေးညွှန်း စာရေးပေးလေ့ရှိပါတယ်။
အစားထိုး သုံးနိုင်သောနည်းလမ်း
ပိုးသတ်ဆေးတွေကို လွဲမှားစွာ သုံး စွဲတာ၊ ဆေးပတ်လည်အောင် မသုံးစွဲတာ တွေကြောင့် ဆေးယဉ်တာတွေ ဖြစ်တတ် ပါတယ်။ နှာခေါင်းဘေးရှိရိုးတွင်းလေ အိတ်ငယ်တွေ ရောင်ရမ်းမှုအတွက် ပိုး သတ်ဆေးတွေ သုံးစွဲမယ့်အစား ဆားရည် ကို အသုံးပြုတာက ပိုမိုကောင်းမွန်တယ် လို့ Dr.Teitelbaum က ပြောပါတယ်။ ဆားနဲ့ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည် ဇွန်းတစ်ဇွန်းရဲ့ လေးပုံတစ်ပုံစီကို ရေနွေး နွေးထဲကို ထည့်ပြီး သေချာစွာမွှေပါ။ ရ လာတဲ့အရည်ကို နှာခေါင်းပေါက်တစ် ဖက်က ရှူသွင်းပြီး ပြန်ညှစ်ထုတ်ပါ။ ဒီ နည်းနဲ့ ပြုလုပ်တာက နှာခေါင်းဘေးရှိ ရိုးတွင်းလေအိတ်ငယ်တွေ ပိုးဝင်တာရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို သက်သာစေ နိုင်ပါတယ်။ သင် ဆားရည်ဖျော်ဖို့ အသုံး ပြုတဲ့ရေက သန့်ရှင်းဖို့တော့ လိုပါတယ်။
ဆီချိုသွေးချိုရောဂါ
ဆီးချိုသွေးချိုရောဂါရှင်တွေအ တွက် တစ်နှစ်ကို ဆရာဝန်တွေ ဆေးညွှန်း ရေးပေးရတဲ့ ဆီးချိုသွေးချို ကျဆေးတွေ ဟာ ၁ဒသမ၉ဘီလျံလောက် ရှိပါတယ်။
အစားထိုးနိုင်သော နည်လမ်း
ဆီးချိုသွေးချိုရောဂါ ကုသဆေး တွေက သွေးတွင်းသကြားဓာတ်ကို ပုံမှန် ဖြစ်အောင်ထိန်းပေးပါတယ်။ စား သောက်နေထိုင်မှု ပုံစံနဲ့ လေ့ကျင့်ခန်းလုပ် တာက ဆီးချိုသွေးချိုရောဂါကို တိုးမလာ အောင် ထိန်းထားနိုင်ပါတယ်။ လေ့ကျင့် ခန်းလုပ်တာကြောင့် ကြွက်သားတွေက အင်ဆူလင်ဟော်မုန်းကို တုံ့ပြန်မှုပိုမိုစေ ပါတယ်။ သွေးလှည့်ပတ်မှု ကောင်းမွန်စေ ပြီး သွေးတွင်းသကြားဓာတ်ကို စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။ သုတေသီ တွေ လေ့လာခဲ့တဲ့ လေ့လာမှုတွေအရ လမ်းလျှောက်တာနဲ့ စက်ဘီးစီးတာကို တစ်နေ့ တစ်နာရီ ပြုလုပ်တာကြွကက် သားတွေဆီကို သွေးစီးဆင်းမှုကောင်း စေတာကြောင့် သွေးတွင်း သကြား ဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင် တာကို တွေ့ရပါတယ်။ ဒီလိုလုပ်ဆောင် တာက ကိုယ်အလေးချိန် တက်တာကိုပါ ကာကွယ်ရာရောက်ပါတယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်) | GOOD HEALTH

မှတ်ချက်များ