ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ယူထားသူအချို့ ပြဿနာကို သေနတ်ဖြင့်ဖြေရှင်းလာ၍ သေဆုံးမှုများရှိလာ

နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ယူ ထားသူများအကြား အထက်နှင့်အောက်အချင်း ချင်းပြဿနာဖြေရှင်း ကြရင်း သေနတ်ဖြင့်ပစ်ခတ် မှုကြောင့် သေ ဆုံးမှုများရှိလာသည်ဟုမှုခင်းရဲမှတ် တမ်းများအရ သိရသည်။

အထက်အရာရှိအချင်းချင်း မဟုတ်ဘဲ အထက်အရာ ရှိနှင့် လက်အောက် ငယ်သားတို့အတွင်း ထိုသို့ဖြစ် ရပ်များ ၈ လတာကာလအတွင်း ၂ ကြိမ်ဖြစ်ပွားခဲ့ သည်ဟု မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်မှုခင်းဌာနမှ လုပ်သက်ရင့် ရဲအရာရှိကြီးတစ်ဦးက မှတ်တမ်းများကို ကိုးကားပြော ဆိုသည်။ ဖြစ်ရပ် ၂ ခုစလုံးတွင် အထက်အရာရှိများ

သေနတ်ဒဏ်ရာဖြင့်ပွဲချင်းပြီး သေဆုံးမှုရှိခဲ့သည်ဟု ၎င်း၏ ပြောပြချက်အရ သိရသည်။ဒုတိယအ ကြိမ်မြောက်ဖြစ်ခဲ့သော ဖြစ်စဉ်မှာ ပြီးခဲ့သော ၂ဝ၁၄ မေလ ၅ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အပိုင် နန်မကြိုင်းကျေးရွာ အနီးတွင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် ရှေ့တန်းတာဝန် ထမ်းဆောင်နေသော ခလရ (၉၈)မှ (တပ်မတော်သား)ဒုတပ် ကြပ်တစ်ဦးက ယင်းဒေသမှ ရဲတပ်ကြပ်ကြီး တစ်ဦးကို နေ့ခင်းကြောင်တောင်၌ စားသောက်ဆိုင်အတွင်း စကားများရင်း ပစ်သတ်ခဲ့သည်။ ယင်းဖြစ်ရပ်မတိုင်မီ ၂ဝ၁၃ စက် တင်ဘာလ ၂ ရက်နေ့ညက မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအတွင်း တာဝန် ထမ်းဆောင်နေစဉ် ဒုရဲအုပ်က ရဲအုပ်ကို သေနတ်နှင့်ပစ်ခတ် ၍ သေ ဆုံးမှုလည်းဖြစ်ခဲ့သေးသည်။

ပြည်သူ့လွှတ်တော်၌တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီတွင်အတွင်းရေးမှူးတာဝန်ယူထားသူ ဒေါ်ဒွဲဘူက လက်နက်ကိုင်များအတွင်း ထစ်ခနဲဒေါသထွက်လာသည်နှင့် လက်နက်ဖြင့် ဖြေရှင်းအနိုင်ယူမှုအပေါ် မကောင်းကြောင်း ထောက်ပြသည်။

''လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာတွေက လက်ခံလို့ မရတဲ့ အကျင့်တွေပဲ''ဟု ၎င်းက ပြောသည်။သူတစ် ပါးအား အနိုင်ယူလိုသော စိတ်ဓာတ်ဖြင့် တိုင်းရင်းသားအချို့ပင် လက်နက်ကိုင်နေသည်က ရှိနေရာ ကောင်းမွန်သည့်စိတ်ထားရှိဖို့ လိုသည် ဟု ဒေါ်ဒွဲဘူက မှတ်ချက်ပြုသည်။ ရဲတပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ယခုဖြစ်ရပ် ၂ ခု သည် ဖြစ်ရပ်ဖြစ်ပွားသူနှစ်ဦးတို့၏ အပြန်အလှန်စိတ်ခံ စားမှု သက်သက်ဖြစ် သည်ဟု သုံးသပ်သည်။ ''ဒါက တပ်ဖွဲ့နဲ့မဆိုင်ဘူးဗျ။ တစ် ဦးချင်းရဲ့ခံစားမှုအရ ဖြစ်သွားတာ''ဟု ၎င်းကပြောသည်။

PN-051
Popular Myanmar News Journal

မှတ်ချက်များ