ကိုယ်ဝန်ရှိနေကြောင်း ကိုယ့်ကိုကိုယ် မသိဘူး လို့ဆိုတဲ့ ထိုအမျိုးသမီးဟာ ဗိုက်နာ တာကြောင့် ဆေးရုံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။သူမ အိမ်သာကိုသွားတဲ့အချိန်မှာကလေးထွက်လာခဲ့တာ လို့ဆိုပါတယ်။
တာဝန်ကျ ဆရာဝန် Gao Yuwen ရဲ့အဆိုအရ မနက် ၁ နာရီလောက်မှာ ဝရံတာက တစ်စုံတစ်ယောက်ရဲ့ အော်သံကို ကြားရတယ်လို့ဆိုပါတယ်။
“ကျွန်တော်လည်း ပြေးသွားတော့ အိမ်သာအပြင်ဘက်မှာ လူတွေစုနေတာ တွေ့ရတယ်။ မိန်းမတစ်ယောက်က တံခါးကို အတင်းထုပြီး အထဲကနေ တံခါးဖွင့်ဖို့ နောက်မိန်းမတစ်ယောက်ကို ပြောနေတယ်”
“သူက အိမ်သာထဲဝင်ပြီး သူ့ကိုသူ အထဲက လော့ခ်ချထားတာ။ နည်းနည်းလောက်ကြာတော့ အထဲက ကလေးငိုသံကြားရတယ်။ ကျွန်တော်လည်း တံခါးခေါက်ရင်း အထဲမှာ အဆင်ပြေရဲ့လားလို့ မေးတယ်“ လို့ Gao Yuwen က ပြောကြားခဲ့ပါတယ်။
တံခါးဖွင့်ခိုင်းလို့မရတာကြောင့် လုံခြုံရေးတစ်ယောက်က ရိုက်ချိုးဖွင့်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒေါက်တာ Gao က “ကလေးက တအားကိုငိုရင်း အိမ်သာအိုးထဲမှာ နစ်နေတာကို ကျွန်တော်တွေ့တယ်။ အချင်းကလည်း သူ့အမေနဲ့ဆက်လျက်ကြီး” လို့ဆိုပါတယ်။ကလေးရော၊အမေရော အခြေအနေကောင်းပါတယ်တဲ့။
ဖိုးသူတော်
ဖိုးသူတော်

မှတ်ချက်များ