အခွန်နှုန်းထားသစ်အရလစာဝင်ငွေခွန်ပေးဆောင်ရမည့်သတ်မှတ်ဝင်ငွေပြောင်းလဲ

မကြာမီက အတည်ပြုလိုက်သော အခွန်နှုန်းထား သစ်အရ လစာဝင်ငွေခွန် ပေးဆောင်ရမည့် ဝန်ထမ်း နှင့် အလုပ်သမားများ၏ တစ်နှစ်စာ သတ်မှတ် ဝင်ငွေ ပြောင်းလဲသွားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ယခင်က တစ်နှစ်စာဝင်ငွေ ငွေကျပ် တစ်ဆယ့် လေးသိန်း လေးသောင်း ရရှိပါက သတ်မှတ်အခွန် ရာခိုင်နှုန်းအတိုင်း အခွန်ပေးဆောင်နေရာမှ ယခု နှုန်းသစ်အရ တစ်နှစ်လုံးတွင် ငွေကျပ် သိန်းနှစ် ဆယ်နှင့် သိန်းနှစ် ဆယ်အောက် ဝင်ငွေရှိသူများမှာ အခွန်ပေးဆောင်ရန် မလိုတော့ကြောင်း သိရသည်။

အဆိုပါ အခွန်နှုန်းထားသစ် အရ လစာဝင်ငွေခွန် ပေးဆောင်ရမည့်သူများ လျော့နည်းသွားသော် လည်း အခွန် ပေးဆောင်ထိုက်သော လစာဝင်ငွေ ရှိသူများ၏ အခွန်ပေးဆောင်ရမည့် အခွန်ရာခိုင်နှုန်းမှာ များ လာကြောင်း သိရသည်။

လစာဝင်ငွေခွန် ပေးဆောင်ရမည့် ဝန်ထမ်းနှင့် အလုပ်သမားများမှာ တစ်နှစ်စာဝင်ငွေ ငွေကျပ် သိန်းနှစ် ဆယ်အထက် ရရှိသူများ ဖြစ်ကြောင်းနှင့် ငွေကျပ် သိန်းနှစ်ဆယ်မှ သိန်းငါးဆယ် ဝင်ငွေရှိသူများမှာ အခြေခံ သက်သာခွင့်နုတ်ကာ အိမ်ထောင်ရှိသူ ဆိုလျှင် အကျိုးခံစားခွင့်နုတ်ပြီး အခွန် ၅ ရာခိုင်နှုန်း ပေး သွင်းရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တစ်နှစ်ဝင်ငွေ ငွေကျပ် သိန်းငါးဆယ်မှ သိန်းတစ်ရာ ဝင်ငွေ ရှိသူများမှာ အခြေခံ သက်သာခွင့်နှင့် အကျိုးခံစားခွင့်များ နုတ်ပြီး အခွန် ၁ဝ ရာခိုင်နှုန်း၊ ငွေကျပ် သိန်းတစ်ရာ မှ သိန်းနှစ်ရာကြား ဝင်ငွေရှိသူများ မှာ အခွန် ၁၅ ရာခိုင်နှုန်း၊ ငွေကျပ် သိန်းနှစ်ရာမှ ငွေကျပ် သိန်းသုံးရာအတွင်း ဝင်ငွေရသူများမှာ အခွန် ၂ဝ ရာခိုင်နှုန်းနှင့် သိန်းသုံးရာအထက် ဝင်ငွေရှိသူများမှာ အခွန် ၂၅ ရာခိုင်နှုန်း တို့ကို လစာဝင်ငွေခွန် အဖြစ် ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

 မြ၀တီ | Yatanarpon Call Center

မှတ်ချက်များ