Rohypnol (Rape Drug) - ကာမ ဓါးပြဆေး

အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာကျောင်းသူ ကို အုပ်စုလိုက် အဓမ္မကျင့်တဲ့အမှုတွေဖြစ် ပါတယ်။ ကျောင်းသူဟာ မနက်မိုးလင်း နိုးလာတဲ့အခါ ညကဖြစ်ခဲ့တာ ကို ဘာမှ မသိတော့ပဲ အ၀တ်မပါ ဖြစ်နေတတ်ပါတယ်။ ကျောင်းသူကို ဆေးစစ်ကြည့် တဲ့အခါ အဓမ္မပြုကျင့်ခံရပြီး ဘာကိုမှ မမှတ်မိ ဖြစ်နေ တတ်ပါတယ်။ ဆေးစစ်ချက်မှာ Rohypnol လို့ခေါ်တဲ့ ဆေးတစ်မျိုးကို တွေ့ရပါတယ်။

ဒီလိုအဖြစ်မျိုးဟာ ကမ္ဘာတစ်ဝှန်းမှာ ဖြစ်နေပါတယ်။ မကြာမှီကလဲ မြန်မာပြည်က သင်္ကြန်မှာ မုဒိန်း မှု ၁၃ မှုဖြစ်ခဲ့တယ်ဆိုတဲ့ အတွက် ဒီဆေးအကြောင်းကို သိသလောက်မျှဝေလိုက်ပါတယ်။


ဒီ Rohypnol ဟာ ဆေးကုမ္ပဏီ ရဲ့ တံဆိပ်ဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာတော့ နာမည် အမျိုးမျိုးနဲ့ထုတ်ပြီး ဓာတုဗေဒနာမည်က Flunitrazepam ဖြစ်ပါတယ်။ မူလက စိတ်ငြိမ်ဆေး၊ အိပ်ဆေးအဖြစ်ထုတ်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လူယုတ်မာတွေရဲ့ အသုံးချဆေးဖြစ်လာပါတယ်။

ဒီဆေးအမှုံ့ကို အရက် ဒါမှ မဟုတ် ကာဗွန် နိတ် ဖြစ်တဲ့ အရည်၊ ကိုကာကိုလာ၊ ပက်ဆီတို့လို gas ပါတဲ့အထဲ ကို ထည့်လိုက်မယ်ဆိုရင် ချက်ချင်းပျော်ဝင်သွားပါတယ်။ ဆေးဟာ မိနစ် ၃၀ အတွင်း အစွမ်းပြ ပြီးတော့ ၂ နာရီအတွင်း သားကောင်အမျိုးသမီးဟာ ကိုယ်တွေလက်တွေ ပျော့ခွေ၊ အသိစိတ်တွေ ၀ါးလာပါတယ်။ မှတ်ဥာဏ်လဲ ကောင်းကောင်း မရှိတော့ပါဘူး။ ဆေးရှိန်ဟာ ၈ နာရီအထိကြာပါတယ်။ ဒီလိုဖြစ်ဖို့ ဆေး ၁ မီလီဂရပ်ကို အရက်ထဲ ရောထည့်လိုက်ရုံပါပဲ။ အရက်ဆိုရင်ပိုပြီး ထိရောက်ပါတယ်။ ဒါပေမယ့် ဘယ်ဖျော် ရည်ထဲ မဆိုထည့်ရလွယ်ပါတယ်။ နောက်နေ့ မနက်မှာတော့ အမျိုးသမီးဟာ ဘာကို မှ မမှတ်မိတော့ပဲ သတိပြန်လည်လာမှဖြစ်ပါတယ်။ဒီလို ဆေးစွမ်းတွေကြောင့် ကာမ ဓါးပြတွေဟာ ရမ်းကားချင်တိုင်း ရမ်းကား နိုင်ပါတော့တယ်။

ဒီဆေးနဲ့ အလားတူ ဆေးများဟာ ကမ္ဘာအနှံ့မှာ အလွယ်တကူဝယ်ယူလို့ရပါတယ်။ ဒါကြောင့် အမျိုးကောင်း သမီးများ အရက်ကို တတ်နိုင်သလောက် ရှောင်ကြပါ။ သူစိမ်းတွေနဲ့ ပျော်ပါး စားသောက်ချင်းကို ရှောင်ကြ ပါ။ မတတ်နိုင်လို့ သောက်သုံးရမယ် ဆိုရင် ဖျော်ရည်၊ ဘီယာတို့ကို အဖောက်ရသေးတဲ့ အသစ်ကို သာ သောက် သုံးပါလို့ အကြံပေးလိုက်ပါတယ်။

အားလုံးလုံခြုံကြပါစေ။


shwemyanmarmediagroup

မှတ်ချက်များ