စန္ဒယားခလုပ်ပြုလုပ်ဖို့အတွက် ဆင်တွေကို သတ်ဖြတ်နေတာတွေရပ်တန့်ရေး ဂီတသမား Billy Joel ဆော်သြ


သူ့ရဲ့အရွယ်ရောက်ပြီးကာလတစ်လျှောက် စန္ဒယားပညာရှင်တစ်ရောက်အဖြစ် ရပ်တည်လာခဲ့သူတစ်ဦး အနေနဲ့ Billy Joel တစ်ယောက် ဆင်စွယ်တွေရဲ့အရည်အသွေးကိုလူတော်တော်များများထက်ပိုသိပါတယ်။ ဒါပေမယ့် မကြာသေးခင်က New York ပြည်နယ်မှာ တရားမ၀င်ဆင်စွယ်ရောင်းဝယ်မှုကို တားမြစ်ရေးထောက်ခံကြောင်း လူသိရှင်ကြားကြေငြာလိုက်တဲ့အတွက် Billy တစ်ယောက်ယောက် ဆင်စွယ်အသုံးပြုမှုမှာ သတိမထားမိဘဲ မြင့်မားလွန်းနေတဲ့ အဖိုးအခရှိတယ်ဆိုတာကို သူနားလည်ပါတယ်။

New York မြို့တော်ဝန် Andrw Cuomo ကစတင်မိတ်ဆက်ပေးတဲ့ ဒီလုပ်ဆောင်မှုကို Joel ကသူ့ တရားဝင် website မှာတင်ထားတဲ့ စာတစ်စောင်နဲ့ထောက်ခံခဲ့တာဖြစ်ပါတယ်။

‘ကျွန်တော်က စန္ဒယားတီးသူတစ်ယောက်ပါ။ ပြီးတော့ ဆင်စွယ်စန္ဒယားခလုတ်တွေကို အချို့စန္ဒယား သမားတွေ ကြိုက်ကြတယ်ဆိုတာကျွန်တော် သိပါတယ်။ ဒါပေမယ့် ဆင်စွယ်စန္ဒယားခလုတ်တွေ ကို နှစ်သက်တာဟာ တစ်နေ့ကို ဆင်အကောင် ၉၆ ကောင်သတ်တာကို မှန်ကန်တယ်လို့ ပြောလို့မရပါဘူး။

စန္ဒယားခလုတ်တွအတွက် အခြားအစားထိုးလို့ရတဲ့ ကုန်ကြမ်းပစ္စည်းတွေရှိပါတယ်။ ဒါပေမယ့် ဒီလိုကြီး ကျယ်ခမ်းနားတဲ့ တိရိစ္ဆာန်တွေကိုတော့ ဘယ်တော့မှအစားထိုးလို့မရပါဘူး။

အန္တရာယ်နဲ့ကြုံတွေ့နေရတဲ့ တိရိစ္ဆာန်မျိုးစိတ်ကိုသတ်ဖြတ်ဖို့ ဂီတက ဘယ်တော့မှ ဆင်ခြေတစ်ခုမဖြစ် ရပါဘူး။ ဂီတဟာ ဘ၀ရဲ့ ဂုဏ်ပြုဆင်နွှဲမှုတစ်ခုဖြစ်သင့်ပါတယ်။ သေဆုံးမှုရဲ့ကရိယာ မဖြစ်သင့်ပါဘူး’ လို့ Billy ကဆိုပါတယ်။

Jack the Ripper | Trend Myanmar

မှတ်ချက်များ