(၁၃)နှစ်သမီးကိုသားမယားအဖြစ်ပြုကျင့်

ဇွန်-၅တစ်ဆောင်တည်းကပ်လျက်နေသူက သားမ ယားအဖြစ်ပြုကျင့်ခဲ့သည်ဆိုကာတိုင်ကြားခဲ့ သည့်ဖြစ်စဉ် တစ်ခုလှိုင်သာယာမြို့နယ်တွင်ဇွန်၃ ရက်ကဖြစ်ပွားခဲ့ သည်။ယင်းနေ့ညနေ၄နာရီတွင် လှိုင်သာယာမြို့နယ်နေ အမျိုးသမီးတစ်ဦးသည် ဘုရင့်နောင်ဈေးသို့ ပြန်ရန်(၁၃)နှစ်အရွယ်သမီးဖြစ် သူကိုနှုတ်ဆက်စဉ်သမီးဖြစ်သူ ကကျောင်းမတက် ချင်ကြောင်းနှင့် အတူလိုက်လိုကြောင်းပြောဆိုခဲ့ သည်။

သမီးဖြစ်သူကိုမေးမြန်းခဲ့ရာဇွန်၁ရက်ည၁၀နာရီက နေအိမ်အဆောင်ချင်းကပ်လျက်နေထိုင်သူရဲလင်းထွန်း (ခ) ဂျပု(၂၂ )နှစ်ကသားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊လွန်ခဲ့သောနှစ်ပတ်ခန့်ကလည်းနှစ်ကြိမ်ခန့်ပြုကျင့် ခဲ့ကြောင်းပြောပြသိရသဖြင့်သမီးဖြစ်သူကိုစစ်ဆေးခဲ့ရာမိန်းမကိုယ်ရောင်ရမ်းနာကျင်နေသည်ကိုတွေ့ ရသဖြင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။ သောင်ကြီး နယ်မြေရဲစခန်းမှ(ပ)၃၈၅ /၂၀၁၄၊ ပြစ်မှုပုဒ်မ
၃၇၆ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

စံတော်ချိန်နေ့စဉ် သတင်းစာ

မှတ်ချက်များ