ကျိန်စာကြောင့် ရော်နယ်လ်ဒို ကမ္ဘာ့ဖလားနှင့် လွဲမည်ဟု ဂါနာနတ်ဆရာဆို

ဂါနာနိုင်ငံမှ လူသိများသည့် စုန်းနတ်ဆရာ တစ်ဦးဖြစ်သော နာနာ ကာဝါကူ ဘွန်ဆမ် က ရော်နယ်လ်ဒို၏ ဒဏ်ရာသည် မိမိ၏ ပြုစား မှုကြောင့် မပျောက်ကင်းနိုင်ဘဲ ရှိနေသလို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဆုရှင် အနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးနှင့်ပါ လွဲချော် သွားလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့

ကျိန်စာကြောင့် ရော်နယ်လ်ဒို ကမ္ဘာ့ဖလားနှင့် လွဲမည်ဟု ဂါနာနတ်ဆရာဆိုမိမိ၏ ကျိန်စာကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒို သေချာပေါက် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးနှင့် လွဲချော်သွားလိမ့်မည်ဟု ဂါနာ ရိုးရာနတ်ဆရာ တစ်ဦးက ကြွေးကြော်ထားသည်။ ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ ချန်ပီယံလိဂ် ဆုဖ လား ဆွတ်ခူးရရှိထားသည့် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်သည် ဒဏ်ရာ အရှင်း မပျောက်သေးသဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြို ခြေစမ်းပွဲများ ကစားနေသည့် မိခင်နိုင်ငံ အသင်းတွင် မပါဝင်နိုင်သေးဘဲ ဖြစ်နေသည်။

ဂါနာနိုင်ငံမှ လူသိများသည့် စုန်းနတ်ဆရာ တစ်ဦးဖြစ်သော နာနာ ကာဝါကူ ဘွန်ဆမ်က ရော်နယ်လ်ဒို၏ ဒဏ်ရာသည် မိမိ၏ ပြုစားမှုကြောင့် မပျောက်ကင်းနိုင်ဘဲ ရှိနေသလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုရှင် အနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးနှင့်ပါ လွဲချော်သွားလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။

ပေါ်တူဂီ အသင်းသည် ဘရာဇီးလ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး၌ အုပ်စု(G)တွင် ဂါနာ၊ ဂျာမနီ၊ အမေရိကန်တို့နှင့်အတူ ကျရောက်လျှက်ရှိသည်။ အကယ်၍ ရော်နယ်လ်ဒိုသာ မကစားနိုင်ပါက ပေါ်တူ ဂီအသင်း သိသိသာသာ အားလျော့သွားပြီး ဂါနာအသင်း အုပ်စုတက်ရေး မျှော်လင့်ခွင့် ပိုမို အားကောင်း လာမည် ဖြစ်သည်။ နတ်ဆရာ ဘွန်ဆမ်က “ရော်နယ်လ်ဒို့ ဒဏ်ရာက ဘာလဲဆိုတာ ကျုပ်သေချာပေါက် သိတာပေါ့။ ကျုပ်ကိုယ်တိုင် လုပ်ထားတာပဲဟာ”ဟု ဆိုသည်။

၎င်းက “ကျုပ်ဒါကို အတည်ပြောနေတာ။ ပြီးခဲ့တဲ့ အပတ်က ခွေး(၄)ကောင်ကို ကျုပ်လိုက်ရှာတယ်။ ပြီးတော့ ဒီခွေးတွေကို ခါဝီရီကာပမ်လို့ခေါ်တဲ့ အစွမ်းထက် ဝိညာဉ်တစ်ကောင်ကို ဆင့်ခေါ်ဖို့ အသုံးချခဲ့တယ်။ လွန်ခဲ့တဲ့ (၄)လလောက် ကတည်းက ရော်နယ်လ်ဒိုအပေါ် ကျုပ်တစ်ခုခု စူးစိုက်ပြီး လုပ်တော့မယ် လို့ ပြောခဲ့ဖူးပြီးသားပါ။

ကမ္ဘာ့ဖလားနဲ့ သူလွဲချော်သွားအောင် ကျုပ်လုပ်ထားတယ်။ အနည်းဆုံးတော့ ဂါနာနဲ့ပွဲမှာ သူမပါနိုင်စေရ ဘူး”ဟု ပြောကြားခဲ့သည်။ နတ်ဆရာက ဆက်လက်၍ “ဒီဒဏ်ရာမျိုးကို ဘယ်လိုဆေးပညာနဲ့မှ ကုလို့မ ရစေရဘူး။ ဒဏ်ရာက ဘာကြောင့်ဖြစ်တယ် ဆိုတာကို ဘယ်ဆရာဝန်မှလည်း ရှာတွေ့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ဝိညာဉ်တွေနဲ့ ပြုစားထားတာ မို့လို့ပဲ”ဟုလည်း အခိုင်အမာ ကြွေးကြော် သွားသည်။

 ပေါ်တူဂီအသင်းက ရော်နယ်လ်ဒိုသည် ကမ္ဘာ့ဖလားအမီ ကြံ့ခိုင်လာမည်ဟု ကြေညာထားသော်လည်း ဘွန်ဆမ်က ၎င်း၏ ကျိန်စာကို အရှိန်မြှင့်တင် ဖြည့်စွက်ပြီး ရော်နယ်လ်ဒို မကစားနိုင်အောင် လုပ်ဆောင် မည်ဟု ပြောဆိုထားသည်။

Planet

မှတ်ချက်များ