MH370 ပျောက်ဆုံးမှုနေရာသစ်တခု ထပ်မံတွေ့ရှိ

ပျောက်ဆုံးနေတဲ့ မလေးရှား ခရီးသည်တင်လေ ယာဉ်ရှာဖွေရေး နောက်ဆက် တွဲသတင်းတွေ မှာတော့ နောက်ဆုံးရရှိခဲ့ သတင်းအချက်အ လက်တွေအရ လေယာဉ်ဟာ 7th arc လို့ ခေါ်တဲ့ ဒေသအတွင်းမှာ ပျောက်ဆုံးသွား တာ ဖြစ်နိုင်ကြောင်း သြစတြေးလျ သယ်ယူ ပို့ဆောင်ရေး လုံခြုံရေးဘူရို ကပြောပါတယ်။

အဲဒီ 7th Arc ဒေသဟာ တောင်ပိုင်း လတ္တီတွတ် ၂၀ ဒီကရီနဲ့ ၃၉ ဒီကနေ ကြားဒေသကို ဆိုလိုတာ ဖြစ်ပါ တယ်။သြစတြေးလျကို ပျံသန်းလာတုန်း လောင် စာဆီကုန်ဆုံးသွားတဲ့အတွက် သြစတြေးလျ အနောက်ပိုင်း ကမ်းရိုးတန်းကို မရောက်ခင် ပျက်ကျသွားပုံရ တယ်လို့ သြစတြေးလျ သယ်ယူပို့ဆောင်ရေး လုံခြုံရေးဘူရို ကပြောပါတယ်။

ဒါကြောင့် ၆၅၀ ကီလိုမီတာ အကျယ်အ၀န်းရှိတဲ့ ဒေသအသစ်တခုမှာ လေယာဉ်ကို ထပ်မံရှာဖွေသွားဖို့ ရှိပြီး အသေးစိပ်ကိုတော့ လာမယ့် သီတင်းပတ်တွေမှာ သိရှိရမှာ ဖြစ်ပါတယ်။

ခရီးသည်နဲ့ လေယာဉ် အမှုထမ်း ၂၃၉ ဦးတင်ဆောင်လာတဲ့ မလေးရှား ခရီးသည်တင်လေယာဉ်ဟာ မတ်လ ၈ ရက်နေ့ကတည်း က ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

Radio Australia - Myanmar

မှတ်ချက်များ