ဘရာဇီးမှာ ကမ္ဘာ့ဖလားပွဲ သွားကြည့်မယ့် ပြေတီဦး


ပြေတီဦးက “နင်စေရင်” ဇာတ်ကားမှာ မိုးဆွေနဲ့ ဂျိုဆိုတဲ့ ဇာတ်ရုပ် ၂ခုကို ပီပြင်စွာ သရုပ်ဆောင်ခဲ့ သလို ကျေနပ်အားရမှု ရှိတယ်လို့လည်း ပြောပြပါတယ်။ ကြိုတင်မျှော် လင့် တာမျိုး မရှိပေမယ့်လည်း အကယ်ဒမီဆုသာ ရခဲ့ရင် ဝမ်းသာမှာပါလို့ ပြောပြတဲ့ ပြေတီဦးက “သေသေ ချာချာ အစွမ်းကုန် ကြိုးစားထား တယ်။ ပြန်ကြည့် ရတဲ့အခါ လည်း ကျေနပ်ပါတယ်။ ဇာတ်ကားက ပုံစံရော၊ အပြင်အဆင် ရောက ဂျိုဆိုတဲ့ တစ်ယောက်နဲ့ မိုးဆွေ ဆိုတဲ့စိတ်နေ စိတ်ထား ပြောင်းလဲသွားတယ်။ ဒီ ၂ခုကို သေချာ ကွဲပြား ခြားနားသွား အောင် လုပ်ရတာ။ အဓိက ဒါရိုက်တာနဲ့ သေချာ တိုင်ပင်ပြီးတော့ သူခိုင်း တဲ့အတိုင်း ကြိုးစားခဲ့တယ်။ ပြန်ကြည့် တော့ ဒီ ၂ ပိုင်းက ခြားနား တာ တွေ့ရတော့ကျေ နပ်ပါတယ်။

အစ်ကို ကတော့ ထုံးစံ အတိုင်းပဲ ကြိုတင် ပြီးမျှော်လင့်ထား တာတော့ ဘယ် ကားမှ မရှိပါဘူး။အကောင်း ဆုံး ကြိုးစားတဲ့ အပေါ်နောက်ထပ် ဆု ထပ်ရတယ် ဆိုတအား ဝမ်းသာစရာ ကောင်းတာပေါ့။ အရေးကြီး တာက ရိုက်တဲ့ အချိန်မှာ ကိုယ့်ဘက်က အားသွန်ခွန်စိုက် ကြိုးစားခဲ့ဖို့ ပါပဲ။ ဒီကားရိုက်တုန်း ကလည်း အား လုံး ပင်ပန်းကြတယ်။ ကစ်ကစ်ဆို အား ကုန်ပြီး လဲသွားတာ ၂ ရက်လောက် ကြာတယ်။ ဒီလို အမှတ်တ ရလေးတွေ တော့ ရှိတယ်” လို့ ပြောပြပါတယ်။

ဘရာဇီးမှာ ကျင်းပမယ့် ကမ္ဘာ့ ဖလား ဘောလုံးပွဲကို သွားရောက် အားပေး ဖြစ်မယ်လို့ လည်း သိရ တာကြောင့် ပြေတီဦး ကိုမေးကြည့်တော့ “ဘောလုံးပွဲ ကြည့်ဖို့ ဘရာဇီး သွားဖြစ်ဖို့ ရှိတယ်။ သူငယ်ချင်းနဲ့ သွားကြည့်မှာပါ။ အူဝဲတော့ မပါဘူး။ ရောက် ဖူးချင်တာရယ်၊ လေ့လာရေး အနေနဲ့ ရောပေါ့။ ကမ္ဘာ့ဖလား ဖွင့်ပွဲကိုလည်း ကြည့် ချင်လို့ပါ။ ဘယ်အသင်းကို အားပေးမယ်လို့ မရှိပါဘူး”လို့ ပြော ပြခဲ့ပါတယ်။

မေမွန်မောင် | Popular Myanmar

မှတ်ချက်များ