မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာမှာ တည်ရှိတဲ့ ကံကောင်းခြင်း ရတနာ သစ်အချော ထည် စက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ မန္တလေးမြို့ကို လမ်းလျှောက်ချီ တက်လာနေတုန်း စဥ့်ကိုင်နဲ့ ပလိပ်မြို့အကြားက တိုးဂိတ်တခုမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀ လောက်က ဇွန်လ ၇ရက်နေ့က ပိတ်ဆို့ဟန့် တားထားတာ ခံရပါတယ်။
အဲဒီ့မှာ အလုပ်သမားခေါင်းဆောင်တွေနဲ့ အာဏာပိုင်တွေနဲ့ အလုပ်သမားတွေအကြား စေ့စပ်ညှိနှိုင်းပေးသူ ၂ဦးလည်း အပါအ၀င် စုစုပေါင်း ၁၂ ဦးကို အဖမ်းခံလိုက်ရပါတယ်။ သူတို့ကို မန္တလေးတိုင်းဒေသကြီး ကာလုံက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုဖို့ လုပ်ဆောင်နေပါတယ်။
ရာနဲ့ချီတဲ့ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမားတွေ အခုလို လမ်းပေါ် ဘာကြောင့် ရောက်လာတာပါလဲ။ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက အခုလို ပြောပြ ပါတယ်။
“အလုပ်သမားသပိတ်က ၄ ကြိမ်လောက်ဖြစ်ခဲ့တယ်။ ပထမ သပိတ်က တနင်္ဂနွေပိတ်ရက် မသတ်မှတ်ပေး လို့ ၁၇ ရက် ၆ လ ၂၀၁၂ မှာ နေ့ဝက်သပိတ် ဖြစ်ခဲ့တယ်။ ဒုတိယ သပိတ်က အလုပ်သမားသမဂ္ဂဖွဲ့ပြီး တဲ့အခါမှာ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းကို ဖြိုခွဲဖို့ ကြိုးစားလာတဲ့လုပ်ရပ်တွေကြောင့်မို့လို့ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ကိုခိုင်မင်း ၁၄ ရက် အချုပ်ချတယ်။ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ကိုခိုင်မင်း ကို မတရားအမှု ဆင် ဖမ်းဆီးမှုကြောင့် အလုပ်သမားတွေ သပိတ်မှောက်တာ ၂ ရက်နဲ့ ၂ ည ကြာပါတယ်။
အဲဒီမှာ ကိုခိုင်မင်းကို အာမခံနဲ့ ပြန်ထုတ်ပေးပြီး အလုပ်ပြန်ခန့်ပါတယ်။ တတိယ သပိတ်ကတော့ မြို့ နယ်ဖြန်ဖြေရေးမှာ အလုပ်ရှင် အလုပ်သမား စာချုပ်မှာ အလုပ်ရှင်ဘက်က ဖောက်ဖျက်တဲ့အတွက် ဖြစ် လာတဲ့ သပိတ်ပါ။ ၁၁ရက် သပိတ်မှောက်ပါတယ်။ ၁၀ ရက် ၃ လ ၂၀၁၄ မှာ ဖြစ်တာပါ။ အခုနောက်ဆုံး စတုတ္ထသပိတ်ကတော့ စာချုပ် အသစ်ချုပ်ရာကနေ အဆင်မပြေဖြစ်ပြီး သပိတ်မှောက်တာပါ။”
မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ နှင့် လုံခြုံရေးဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ အလုပ်သမားတွေ တွေ့ ဆုံခဲ့ရာမှာ လျော်ကြေးယူပြီး အလုပ်ထွက်ပေးရမယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေကလဲ သဘောမတူ ဘဲ သပိတ်စခန်းဖွင့်မယ်လို့ ဆိုပါတယ်။
အလုပ်ရှင်အလုပ်သမားနှစ်ဦးသဘောတူစာချုပ်ကို အတင်းအဓ္ဓမ လက်မှတ်ရေးထိုးခိုင်းလို့ အလုပ်သမားအ များစုမှ သဘောမတူကြဘဲ ဇွန်လ၆ရက်မနက် ပိုင်းကတည်းက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို ထွက်ခွါလာရာ စဥင့်္်ကိုင်တိုးဂိတ်မှာ အပိတ်ခံရခြင်းဖြစ်ပါတယ်။
Post by DVB TV News
ရိုက်ကူး - ဘကြီးအောင်

မှတ်ချက်များ