ရုပ်ရှင်ပွဲတော်မှာ ပြသမယ့်အစီအစဉ်ကနေ ဖျက်သိမ်းခံလိုက်ရတဲ့ အမိုးမရှိတဲ့ကောင်းကင် ဇာတ်ကားကို နယ်တွေမှာ သွားရောက်ပြသသွားမယ့် မင်းထင်ကိုကိုကြီး


မိတ္ထီလာမြို့မှာ လူပေါင်း၄၀ကျော် သေဆုံးခဲ့ရတဲ့ ပဋိပက္ခကို အခြေခံပြီး ရိုက်ကူးထားတဲ့ အမိုးမရှိတဲ့ကောင်း ကင် အမည်ရ ဇာတ်ကားကို လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသမယ့် အစီအစဉ် ကနေ ဖျက်သိမ်းခံလိုက်ရတဲ့အတွက် အဲ့ဒါနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ဒီအမိုးမရှိတဲ့ ကောင်းကင်(The Open Sky) ဇာတ်ကားကို ပြသလိုက်ပါက မြန်  မာနိုင်ငံ မှာ မလိုလားအပ်တဲ့ ပြဿ နာ တွေ ဖြစ်ပွားလာမည်ကို စိုးရိမ်တာကြောင့် ရုပ်ရှင်ပွဲတော်မှာ ပြသ မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တာဖြစ်ကြောင်း၊ ဘာသာမတူ၊ လူမျိုးမတူသူတွေကြား ပြသနာဖန်တီးဖို့အ တွက် ရုပ်ရှင်ပွဲတော်ကို ကျင်းပခြင်းမဟုတ်တဲ့အကြောင်း၊ ဒီဇာတ်ကားကို မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသမီးနှစ်ဦးရဲ့ တစ်ဦးအပေါ်တစ်ဦးကူညီမှု၊ စောင့်ရှောက်မှု၊ ချစ်ခင်မှုစတဲ့ ချစ်ခြင်းမေတ္တာတရားကို အခြေခံရိုက်ကူးထားတာဖြစ်ပေမယ့် ဇာတ်လမ်းကို မပြသမီ ခြိမ်းခြောက်မှုတွေ ရှိလာခဲ့တဲ့အတွက် အင်မတန်ကို စိတ်မကောင်းစွာနဲ့ ဖျက်သိမ်းလိုက်ရတဲ့အကြောင်း သူက ပြောပြသွားပါတယ်။

မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်ခံရမှုကို အသားပေးရိုက်ကူး ထားတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် ဗုဒ္ဓဘာသာ သံဃာတော်တစ်ပါး အကြမ်းဖက်ခံရမှုတွေကို ထည့်သွင်း ရိုက်ကူးထားခြင်းမရှိတာကြောင့် ဗုဒ္ဓဘာသာကို အကြမ်းဖက် အဖြစ်ပုံဖော်တယ်လို့ ဆိုပြီးအင်တာနက် လူမှုကွန်ယက်စာမျက်နှာတွေပေါ် ဝေဖန်ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြတာကို လည်း တွေ့ရပါတယ်။

ဒါကိုလည်း သူက “တကယ်ဆိုရင် ဒီရုပ်ရှင်ကိုကြည့်ပြီးမှ တစ်ခုခုပြောကြတာမျိုးပဲ ဖြစ်သင့်တာပေါ့။ အခုက မကြည့်ရသေးပဲနဲ့ ပြောနေကြတာဆိုတော့ ပြောရတာ ခက်ပါတယ်။ ကိုယ်ကလည်း ရုပ်ရှင်ကိုမပြရပဲ နဲ့ တော့ ပြောမနေတော့ပါဘူး။ မြန်မာနိုင်ငံမှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားတွေက အရမ်းကို ထိလွယ်ရှလွယ်တဲ့ အခြေအနေပါ။

အဲဒီလို အခြေအနေမှာ ကျွန်တော်တို့ပြသလိုက်ရင် ဒီဇာတ်ကားကြောင့် အဲဒီအနေအထားတွေကြားထဲမှာ ကျွန်တော်တို့ ဇာတ်ကားကို အသုံးချခံလိုက်ရမှာကို စိုးရိမ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ မျက်နှာကို ကြည့်ပြီးတော့ ပြသဖို့ ခေတ္တယာယီ ရပ်ဆိုင်းထားတာပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ အဲဒီ့ဇာတ်ကား ကို ပြန်ပြပါ့မယ်။ ဘာသာမတူတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ မေတ္တာတရားကို ဖော်ပြထားတယ် ဆိုတာကို သက်သေပြသွားမှာပါ။ ကျွန်တော် ဖျက်သိမ်းလိုက်ပေမယ့်လည်း ဒီအမိုးမရှိတဲ့ကောင်းကင် ဇာတ်ကားကို နယ်အသီးသီးသို့ သွားရောက်ပြသသွားဖို့စီစဉ်နေပါတယ်။

စန္ဒီ | Trend Myanmar

မှတ်ချက်များ