သရုပ်ဆောင်အလုပ်က စလုပ်လုပ်ချင်းမို့လို့ ပင်ပန်းတယ်လို့ ဆိုလိုက်တဲ့ ခင်ဝင့်ဝါ
Miss supranational ၂၀၁၃ ပိုင်ရှင် ခင်ဝင့်ဝါ က ခုဆိုရင် ဇာတ်ကား၁၅ ကားလောက် ရိုက်ကူးပြီးပြီဖြစ်ပြီး ခုလဲပဲ အကယ်ဒမီနေတိုး ဒါရိုက်တာညိုမင်းလွင်တို့နဲ့အတူ အိုလေတစ္ဆေ ဆိုတဲ့ ဗီဒီယိုကားကို ရိုက်ကူးနေသူပါ။
သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဘယ်လို feedback တွေရတယ်ဆိုတာရော၊ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေရှိတယ်ဆိုတဲ့အကြောင်း သူမကို မေးကြည့်ဖြစ်တဲ့အခါ “ခု လတ်တလော အိုလေတစ္ဆေ ဆိုတဲ့ကားလေးကို ကိုနေတိုးနဲ့ ရိုက်နေတယ်။ ဇာတ်လမ်းဆန်းဆန်းလေးနဲ့ အချစ်ဖန်စီကားလေးပေါ့နော်။ ခု ထွက်ထားပြီးသား ကားတွေထဲကဆို ပရိသတ်တွေက ပထမကားလေးကိုတော့ ကြိုက်ကြတယ်။ ဒုတိယကားကတော့ နည်းနည်းလေး လိုအပ်တယ်လို့ပြောကြတာပေါ့နော်။
ပရိသတ်တွေကတော့လိုအပ်ချက်လေးတွေကို ပြောပြပြီး အကြံဥာဏ်ပေးပါတယ်။ ဒီကားပြီးရင် ရွှေစင်ဦး နဲ့လဲ ရိုက်ဖို့ရှိတယ်။ သစ္စာနှင်းဆီနဲ့လဲ ရိုက်ဖို့ရှိတယ်။ ကြော်ငြာတစ်ခု ရိုက်ဖို့ရှိတယ်။ white orchid ဆိုတဲ့ hair coat ကြော်ငြာလေးပါ။ ဘန်ကောက်မှာသွားရိုက်ရပါမယ်။ သရုပ်ဆောင်အလုပ်က ခု စလုပ်လုပ်ချင်း ဆိုတော့ နည်းနည်းတော့ ပင်ပန်းတယ်။ ဘာလို့လဲဆိုတော့ ၀မ်းနည်းရင်လဲ ၀မ်းနည်းမှုကြီး ကို ကိုယ်တ ကယ် ဖြစ်နေသလိုခံစားရတယ်။ ဆိုတော့ အခက်အခဲလေးတော့ဖြစ်တယ်။ ဒါပေမဲ့လဲ အဆင်ပြေပါတယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး သရုပ်ဆောင်ပါတယ်။” လို့ သူက ပြောပါတယ်။
ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ