အီရတ်နိုင်ငံ အန်ဘာတက္ကသိုလ် စီးနင်းခံရပြီး ဘဂ္ဂဒက်မြို့တွင် ဗုံးများပေါက်ကွဲ၍ လူ ၅၀ ကျော်သေဆုံး


အီရတ်နိုင်ငံ ဘဂ္ဂဒက် မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ် ပွားခဲ့ရာ အနည်းဆုံး လူ ၅၀ ကျော်သေဆုံးပြီး လူအ များအပြား ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ ၇ ရက် ညနေပိုင်း တစ်နာရီအတွင်း ဘဂ္ဂ ဒက်မြို့၌ တိုက်ခိုက်မှုပေါင်း အ နည်းဆုံး ရှစ်ခု ဖြစ်ပွားခဲ့သည်။

ဇွန်လ ၇ ရက် အစောပိုင်း တွင် စစ်သွေးကြွများသည် ရာမာ ဒီမြို့ အန်ဘာတက္ကသိုလ်ကိုဝင် ရောက်တိုက် ခိုက် ခဲ့ပြီး တက္ကသိုလ် ကျောင်းသားများနှင့် ၀န်ထမ်းအ ချို့ကို ဓားစာခံများအဖြစ် ခေတ္တ မျှ ဖမ်းဆီးထားခဲ့ သည်ဟု သိရ သည်။

လက်ရှိတွင် အီရတ်နိုင်ငံ၌ အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံမြင့်တက်လာနေသည်။ ပြီးခဲ့ သည့်နှစ်တွင် အီရတ်နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၈၀၀၀ ကျော် သေဆုံးခဲ့သည် ဟု ကုလသမဂ္ဂက အတည်ပြု ပြောကြားသည်။

ဘဂ္ဂဒက်မြို့၌ ဖြစ်ပွားခဲ့ သော ဇွန်လ ၇ ရက် ဗုံးပေါက်ကွဲ မှုများကို မည်သူ့အဖွဲ့ကမျှ ၎င်းတို့ ၏ လက်ချက်ဖြစ်သည်ဟု ထုတ် ဖော်ပြောကြားခြင်း မရှိသော် လည်း ဆွန်နီစစ်သွေးကြွများသည် ရှီးဟိုက်မွတ် စလင်များကို မကြာ ခဏ ပစ်မှတ်ထား တိုက်ခိုက် လျက်ရှိသည်။ အန်နာတက္ကသိုလ် တိုက်ခိုက် မှုကို အယ်လ်ကိုင်ဒါ သင်းကွဲဂိုဏ်း ISIL အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က ပြုလုပ်သည် ဟု ယူဆထားကြသည်။

ယင်းတိုက်ခိုက်မှုတွင် အ နည်းဆုံး လုံခြုံရေးဝန်ထမ်း နှစ်ဦး သေဆုံးသွားသည်ဟု သတင်းများက ဖော်ပြ ပြီး ကျောင်းသား တစ်ဦးနှင့် ရဲအရာရှိတစ်ဦးလည်း သေဆုံးသည်ဟု ဆေးရုံတာဝန်ရှိ သူက ပြောသည်။ အန်ဘာ တက္က သိုလ် တိုက်ခိုက်မှုသည် ပြီးဆုံး သွားပြီဖြစ်ကြောင်းနှင့် ကျောင်း သားများ ဒဏ်ရာမရ ရှိကြောင်း အန်ဘာဒေသကောင်စီ အကြီး အကဲက ပြောသည်။

အန်ဘာဒေသသည် အီရတ် နိုင်ငံ၏ ဂိုဏ်းဂဏဆိုင်ရာ အ ကြမ်းဖက်တိုက်ခိုက်မှု ဗဟိုချက် တစ်ခု လည်း ဖြစ်သည်။

7 Day

မှတ်ချက်များ