![]() |
| ကိုင်ရိုမြို့တွင် တရားခွင်အတွင်း ကြွေးကြော်သံများအော်ဟစ်နေသော မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ခေါင်းဆောင် မိုဟာမက် ဘတ်ဒီကိုတွေ့ရစဉ် (Mohamed Abd El Ghany/REUTERS) |
မတရားအသင်းအဖြစ် သတ်မှတ်ထားသော မွတ်စလင် ဘရားသားဟုဒ်အဖွဲ့ ထောက်ခံ သူ ၁၀ ဦးကို အီဂျစ်တရားရုံးတစ် ရုံးက ဇွန်လ ၇ ရက်တွင် တရားခံ များ မျက်ကွယ်၌ သေဒဏ်ချမှတ် လိုက်သော်လည်း ယင်းအဖွဲ့၏ ခေါင်းဆောင်နှင့် အခြားထိပ်တန်း အဖွဲ့ဝင်များအား ပြစ်ဒဏ်ချမှတ် မည့် အစီအစဉ်ကို ရွှေ့ ဆိုင်း ထားလိုက်သည်ဟု တရားရုံးသ တင်းရင်းမြစ်များက ပြောသည်။
ယခု သေဒဏ်ချမှတ်လိုက် သူများမှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လ က အစ္စလာမ်မစ်သမ္မတ မိုဟာ မက်မော်စီကို စစ်တပ်က ဖြုတ်ချ လိုက်ပြီးနောက် ဖြစ်ပွားသော ဆန္ဒပြပွဲအတွင်း ကိုင်ရိုမြို့မြောက် ဘက်ရှိ အဓိက လမ်းမ တစ်ခုကို ပိတ်ဆို့ထားခြင်းနှင့် အကြမ်းဖက် မှုဖြစ်ပွားစေရန် လှုံ့ဆော်မှုတို့ အ ပါအ၀င် ပြစ်မှုများစွာ ကျူးလွန် ထားသူများဖြစ်ကြောင်း သိရ သည်။
မွတ်စလင်ဘရားသားဟုဒ် အဖွဲ့ကို အီဂျစ်နိုင်ငံတစ်ဝန်း နှိမ်နင်းနေစဉ် ၎င်းတို့ ၁၀ ဦးလုံး ပုန်းအောင်းနေ သည်ဟု ယူဆရသည်။
ပြီးခဲ့သည့်နှစ် မတိုင်မီအထိ အီဂျစ်နိုင်ငံ၏ အကြီးမားဆုံး နိုင်ငံ ရေး အင်အားတစ်ရပ်ဖြစ်ခဲ့သော မွတ်စလင် ဘရားသားဟုဒ်အဖွဲ့ မှာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရပြီး မြေအောက် လှုပ်ရှားမှုပြု လုပ်နေသော အဖွဲ့ ဖြစ်သည်။
မော်စီ ရာထူးမှ ဖြုတ်ချခံရ ပြီးနောက် မွတ်စလင်ဘရားသား ဟုဒ်အဖွဲ့ဝင် ရာပေါင်းများစွာနှင့် လုံခြုံရေးတပ် ဖွဲ့ဝင်များ သေဆုံး ခဲ့ပြီး လူထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ထိုအတောအတွင်း အစ္စ လာမ်မစ် လွှမ်းမိုးမှုကို တားဆီးရန် အာဏာပိုင်များ၏ ကြိုးစားမှုများ အတွင်း နောက်ထပ် ခြေလှမ်း တစ်ခုအဖြစ် ခွင့်ပြုချက်မရှိသည့် တရားဟောဆရာများ ဗလီများ (သို့မဟုတ်) အခြား အများပိုင် နေရာများတွင် အစ္စလာမ်ဘာသာ နှင့် ပတ်သက်၍ သင်ကြားခြင်း (သို့မဟုတ်) တရားဟောခြင်း ကို အီဂျစ်ယာယီသမ္မတက တား မြစ်လိုက်သည်။
ခွင့်ပြုချက်မရှိသော ဘာ သာရေးဆရာများ ဗလီများ (သို့ မဟုတ်) အခြားအများပိုင်နေရာ များတွင် သင်ကြားဟောပြောမှု ပြုလုပ်ပါက ထောင်ဒဏ်နှင့် ဒဏ် ငွေပါ ကျခံရမည်ဖြစ်ကြောင်း ယာ ယီသမ္မတ မန်ဆောက ထုတ်ပြန် သည့် အမိန့်စာတွင် ဖော်ပြသည်။
စစ်တပ် ကျောထောက် နောက်ခံပြုထားသည့် အစိုးရက ဗလီများမှာ အစ္စလာမ်မစ်များအ တွက် လူသစ်စုဆောင်းရာနေရာ များအဖြစ် ရှုမြင်ပြီး တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ရန် စီစဉ်နေ ကြောင်း သိရသည်။
7 Day

မှတ်ချက်များ