ကမ္ဘာ့ငြိမ်းချမ်းရေးမြှင့်တင်ဖို့ အတွက် ၂၅ နှစ်တိုင်တိုင် နောက်ပြန်လမ်းလျှောက်နေခဲ့သူ
အိန္ဒိယအမျိုးသားတစ်ယောက်ဟာကမ္ဘာ့ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၅ နှစ်တိုင်တိုင် နောက်ပြန် လမ်းလျှောက်နေခဲ့ပါတယ်။
အိန္ဒိယပြည်နယ် Tamil Nadu ၊ Tirupattur မြို့ က Mani Manithan ဆိုသူဟာ မြို့ တွင်းသွားလာရာ မှာ နောက်ပြန်ပဲလျှောက်နေခဲ့တာ ရာစုနှစ်ရဲ့ လေးပုံတစ်ပုံကျော်နေပါပြီ။ ၁၉၈၉ ခုနှစ် အိန္ဒိယနိုင်ငံ မှာ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပြီး Mani Manithan ဟာ ငြိမ်းချမ်းရေးမြှင့်တင်ဖို့ ရည်ရွယ်ချက် နဲ့ နောက်ပြန်သာ လမ်းလျှောက်သွားလာဖို့ သစ္စာပြုခဲ့ပြီး သူ့ ရဲ့ ဇာတိမြို့ ကနေ မိုင် ၃၀၀ ကျော်ဝေးတဲ့ Chennai မြို့ ကို နောက်ပြန်လမ်းလျှောက်သွားခဲ့ပါတယ်။
“ ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာ့အဆင့် နျူကလီးယားလက်နက်တပ်ဆင်မှု ဆန့် ကျင်ရေး နဲ့  ကမ္ဘာတစ်ဝန်းလုံး တစ်ပြေးညီ ၁၀၀ ရာခိုင်နှုန်း လူ့ အခွင့်အရေးရရှိစေဖို့ ဖြစ်ပါတယ်။
သူဟာ မိုဘိုင်းဖုန်းတစ်ဆိုင်ကို ပိုင်ဆိုင်လုပ်ကိုင်နေပြီး သူ့ ရဲ့နေ့ စဉ်လုပ်ငန်းတွေကို အခုလို နောက်ပြန်လမ်းလျှောက်ခြင်းက အနှောင့်အယှက်မဖြစ်ပါဘူးလို့ ဆိုခဲ့ပြီး အခုဆိုရင် ရှေ့ တည့်တည့် ဘယ်လို လျှောက်လဲဆိုတာတောင် သူမေ့ နေပြီလို့ ဆိုခဲ့ပါတယ်။
Mr.Manithan ဟာ နောက်ပြန်လမ်းလျှောက်ရင်းနဲ့ လူရှုပ်နေတဲ့လမ်းတစ်လျှောက် သွားလာတတ်ပြီး ဘတ်စ်ကား အဆင်းအတက်တွေကိုလည်း နောက်ပြန်ပဲ ပြုလုပ်ပါတယ်။
Mr.Manithan ဟာ အမေရိကန်ပြည်ထောင်စုက အီရတ်ကို ကျူးကျော်တုန်းကလည်း ကိုယ်လုံးတီးနောက်ပြန် လမ်းလျှောက် ဆန္ဒပြခဲ့ပြီး ပထမကီလိုမီတာအကွာအဝေးမှာတင် ဖမ်းဆီးခြင်းခံခဲ့ရကာ ထောင် သုံးရက်ကျခဲ့ ပါသေးတယ်။
Angel | Trend Myanmar

မှတ်ချက်များ