မြွေတောင်၊ ဖားတောင် သတ္တုစီမံကိန်း ဒေသခံများ၏ သဘောထားရယူပြီးမှ အကောင်အထည်ဖော်မည်ဟုဆို
ချင်းပြည်နယ် တီးတိန် မြို့နယ်ရှိ မြွေတောင်၊ ဖားတောင် နီကယ်သတ္တုတွင်းစီမံကိန်းနှင့် ပတ်သက်၍ ဒေသ ခံပြည်သူများ၏ သဘောထားရယူပြီးမှသာစာချုပ်စာတမ်းနှင့်တကွ အကောင်အထည်ဖော်မည်ဟု သတ္တု တွင်းဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသန်းထွန်းအောင်က ပြောသည်။
အမျိုးသားလွှတ်တော် အမတ် ဦးစတီဗင်သာဘိတ်က ‘‘ချင်းပြည်နယ် တီးတိန်မြို့နယ် မြွေတောင်၊ ဖားတောင်ဒေသတွင် နီကယ်သတ္တုထုတ်လုပ်ရေးစီမံ ကိန်းအတွက် ကန်ထရိုက်ယူထား သည့် North Mining Investm-ent Co.Ltd. (NMIC) ၏ လုပ်ငန်း ဆောင်ရွက်ခဲ့မှုအပေါ် ပြန်လည် သုံးသပ်ပေးရန်’’ဆို သည့် မေးခွန်း နှင့်စပ်လျဉ်း၍ သတ္တုတွင်း ဒုဝန် ကြီးက ဇွန်လ ၁၈ ရက်တွင် ယခု ကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
North Mining Investm-ent Co.Ltd (NMIC)က စမ်းသပ် လေ့လာတင်ပြသောဖြစ်မြောက် နိုင်စွမ်း လေ့လာမှုအစီရင်ခံစာ သည် စိစစ်ဆောင်ရွက်ဆဲအဆင့် တွင်သာရှိပြီး ပညာရှင်များ၏ စိစစ်အတည်ပြုချက်ရရှိပြီးပါက နောင်တစ်ချိန်တွင် ပြဿနာများ မပေါ်ပေါက်စေရန် ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ အာဏာပိုင်အဖွဲ့အစည်း၊ ချင်း ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအပါအဝင် မြွေတောင်ဒေသ ရှိ ဒေသခံပြည်သူလူထုများကို ရှင်းလင်းပြောကြားကာ သဘော ထားရယူပြီးမှသာ စာချုပ်ချုပ်ဆို သွားမည်ဟု ဒုဝန်ကြီးက ဦးစတီ ဗင်သာဘိတ်၏ မေးခွန်းကို ပြန် လည်ဖြေကြားခဲ့သည်။
မြွေတောင်၊ ဖားတောင် ဒေသ နီကယ်သတ္တုထုတ်လုပ်မှု ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်၏ ခွင့်ပြုမိန့်ဖြင့် NMIC က ဆောင်ရွက်ခဲ့ပြီး လေ့လာမှုအစီ ရင်ခံစာအရ သတ္တုသို က် ပမာဏ တန် ၄၂ သန်းခန့်ရှိပြီး နီကယ် ၁ ဒသမ ၃၇ ရာခိုင်နှုန်း၊ သံ ၁၆ ဒသမ ၃၇ ရာခိုင်နှုန်း၊ ခရိုမီယမ် ၀ ဒသမ ၈၈ ရာခိုင်နှုန်း၊ ကယ်လ် စီယမ်အောက်ဆိုက် ၀ ဒသမ ၇၂ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ်အောက် ဆိုက် ၂၁ ဒသမ ၇၂ ရာခိုင်နှုန်း၊ အလူမီနီယမ်အောက်ဆိုက် ၂ ဒသမ ၈၇ ရာခိုင်နှုန်း၊ ဆီလီကာ ၃၉ ဒသမ ၄၆ ရာခိုင်နှုန်း၊ ကာဗွန် ၀ ဒသမ ၀၄၄ ရာခိုင်နှုန်းပါဝင် ကာ နီကယ်သတ္တုရိုင်းမှ သတ္တုသန့်စင်ထုတ်လုပ် မှုဆောင်ရွက်မည့် အခြေအနေသည် နည်းပညာကော်မတီအဖွဲ့ဖြင့် စိစစ်ဆောင်ရွက်ဆဲဖြစ်သည်ဟု ဒုဝန်ကြီးက ပြောသည်။
ကိုစိုင်း | 7daydaily

မှတ်ချက်များ