ယခုနှစ်ကုန်မန္တလေးတိုင်းအတွင်းရှိကျေးရွာတွေမီးလင်းဖွယ်ရှိဟုဆို


ယခုနှစ်ကုန်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအားလုံး မီးလင်းရေး စီမံကိန်းများ ရာနှုန်းပြည့်အောင် မြင်နိုင်ဖွယ်ရှိကြောင်း သတင်း ရရှိသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန် တွင် မန္တလေးတိုင်းဒေသကြီး ရှိ ကျေးရွာပေါင်းလေးထောင် ကျော်၌ အလုံးစုံမီး လင်းနိုင်ရေး စီမံချက်ဖြင့် လုပ်ဆောင်လျက်ရှိ ရာ ကျေးရွာပေါင်းသုံးထောင် ကျော် (၆၂ ရာခိုင်နှုန်းခန့်) မီးလင်းနေပြီဖြစ်သည်။ ထို့ကြောင့် နှစ်ကုန်တွင် ၎င်းတို့သတ်မှတ်ထား သည့် ကျေးရွာအားလုံးမီးလင်း ရေး စီမံကိန်းမှာ အောင်မြင်နိုင် လိမ့်မည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

တရုတ်နိုင်ငံ အခြေစိုက် EXIM ဘဏ်၏ ကျေးလက်ဖွံ့ဖြိုး ချေးငွေများဖြင့် ကျေးရွာမီးလင်း ရေးများတွင် အသုံးပြုသွားမည် ဖြစ်ပြီး ကျေးလက်ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ချိတ်ဆက်လုပ်ဆောင် သွားမည်ဖြစ်သော
 ကြောင့်တိုင်း ဒေသကြီးအတွင်း မီးလင်းရေး လုပ်ငန်းများလုပ်ဆောင်ရန် ကျန် ရှိနေသည့် ကျေးရွာပေါင်း ၃၈ ရာခိုင်နှုန်းမှာ ယခုနှစ်ဒီဇင်ဘာလ ကုန်တွင် မီးအပြည့်အဝရရှိလာ နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

‘‘ဒီနှစ်ကုန်မှာ တစ်တိုင်းလုံး မီးရရှိရေး ရည်မှန်းချက်က လုံးဝ ပြည့်ဝသွားနိုင်တဲ့ အနေအထား မှာရောက်နေ ပြီ။ ပြည်သူတွေ ကိုယ်တိုင်က မီးလင်းရေးအတွက် ကိုယ်ထူကိုယ်ထစနစ်နဲ့ကို ပါဝင် လာကြလို့ အခုလို
 အောင်မြင်ရ တာ’’ဟု ဝန်ကြီးဦးကျော်မြင့်က ဆိုသည်။

ယခင်က ကျေးလက်မီး သွယ်တန်းရေးကိစ္စများကို ပြည် ထောင်စုအဆင့်မှသာ ချုပ်ကိုင် ထားခဲ့သော်လည်း ယခုအခါတွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုး ရများထံသို့ လုပ်ပိုင်ခွင့်များ ခွဲပေး ခဲ့သောကြောင့် လုပ်ပိုင်ခွင့် များ ပိုမိုရရှိပြီး စီမံကိန်းချမှတ်ခဲ့သည့် အတိုင်း အောင်မြင်ရခြင်းဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ သတင်းရရှိ သည်။

မန္တလေးတိုင်းဒေသကြီး တွင် ကျေးရွာပေါင်း ၄,၇၈၀ ရှိနေပြီး လက်ရှိတွင် ရွာပေါင်း ၃,၉၀၀ ကျော် မီးလင်းရေးလုပ် ငန်းများလုပ်ဆောင်နိုင်ခဲ့ပြီဟု ဝန်ကြီးဦးကျော်မြင့်က ဆိုသည်။

မီးလင်းရေးအတွက် ဆိုလာ စနစ်သုံးလျှပ်စစ်ဓာတ်အားပေး စနစ်ဖြင့်သော်လည်းကောင်း၊ နီး စပ်ရာလျှပ် စစ်ဓာတ်အားလိုင်းမှ တစ်ဆင့် ကြိုးသွယ်တန်း၍သော် လည်းကောင်း ကြိုက်နှစ်သက်ရာ ဖြင့် ကျေးရွာများရှိ မီးလင်းရေး ကော်မတီများအား လုပ်ကိုင်စေ ကြောင်း သိရသည်။

အေးမွန်ရာပြည့် | 7daydaily

မှတ်ချက်များ