တိုက်ကြေကား တင်သွင်းခဲ့သည့် ကားအရောင်းပြခန်း ကိုးခု ကို ယခုလအတွင်း လိုင်စင် ပြန်လည်ပေးအပ် သွားမည်
ဖြစ်ေ ကြာင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
ပြည်ပမှ တိုက်ကြေကား အစီးရေရာကျော် တင်သွင်းလာ သည့် အဆိုပါကုမ္ပဏီများအား ပြီးခဲ့သည့်နှစ်က လိုင်စင်ပိတ် သိမ်းခဲ့ရာ ယခု လိုင်စင်ပိတ်သိမ်းခဲ့သည့် သက်တမ်းပြည့်
မြောက်သွားပြီ ဖြစ်သောကြောင့် အဆိုပါကုမ္ပဏီများအား လိုင်စင်ပြန်လည်ပေးအပ်ရန် စီစဉ်ခြင်းဖြစ်သည်။
တင်သွင်းလာသည့် ကုမ္ပဏီ အမည်များကိုမူ ထုတ်ဖော်ပြော ဆိုသွားခြင်းမရှိပေ။
‘‘နောက်ထပ် ဒီလိုတိုက်ကြေကားတွေ တင်သွင်းတဲ့ ကုမ္ပဏီတွေရှိရင် အရေးယူသွားမှာပါ’’ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလက အဆိုပါကုမ္ပဏီကိုးခုကို လိုင်စင်ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းခဲ့သည့် တိုက်ကြေကားများကို အရည်ကျိုအဖြစ် အပ်နှံရန် စီစဉ်ထားကြောင်း သိရသည်။
တိုက်ကြေကားများ တင်သွင်းခြင်းကို ၂၀၁၃ ဇန်နဝါရီ ပထမပတ်မှ စတင်စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းကာလများမှ စတင်ကာ ဆိပ်ကမ်းတွင် တင်းတင်းကျပ်ကျပ် ဆက်တိုက်ပြုလုပ်လာခဲ့ကြောင်း သတင်းရရှိသည်။
ယခုနောက်ပိုင်းကာလတွင် တိုက်ကြေကား တင်သွင်းသည့် ကုမ္ပဏီ နည်းပါးလာသလောက် ရှိပြီဖြစ်ပြီး ယခင်က တိုက်ကြေကား တင်သွင်းသူများအနေဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသည့် အင်ဂျင်ပါဝါ ၁,၃၀၀ စီစီကားများနှင့် အခွန်သက်သာသည့် Mini Truck များကို အဓိထား တင်သွင်းကြောင်း သိရှိရသည်။
တိုက်ကြေကားများအား ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဘဏ္ဍာနှစ်မှ စတင်ပြီး အစီးရေ ၁၇၂ စီးကျော် တင်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မိုးညို | 7daydaily

မှတ်ချက်များ