ကျောက်မျက်ပွဲကာလအတွင်း လေကြောင်းလိုင်းလေးလိုင်း စင်းလုံးငှား ပြေးဆွဲပေးမည်


အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MAI) အပါ အ၀င် လေကြောင်းလိုင်း လေ လိုင်းက ကျောက်မျက်
ပြပွဲ ကာလ အတွင်း နေပြည်တော်မှ ကူမင်း၊ကွမ်ကျိုးနှင့် ဟောင်ကောင်၊ မကာအိုသို့ တိုက်ရိုက်စင်းလုံးငှား ခရီး စဉ်များ ပြေးဆွဲသွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘MAI နဲ့ တရုတ်က လေ ကြောင်းလိုင်းတွေ စင်းလုံးငှား ခရီးစဉ် တင်ထားတာ ရှိနေပါ တယ်။ China Eastern Airline၊ China Southern Airline တို့ အဲ မကာအိုတို့က စင်းလုံးငှားပြေးမှာ ပါ’’ဟု နေပြည်တော်လေဆိပ် မှ လေကြောင်းဦးစီးအရာရှိ ကိုဝဏ္ဏ ကဆိုသည်။

ကျောက်မျက်ပွဲကာလအ တွင်း အဆိုပါလေကြောင်းလိုင်း လေးလိုင်းက ကူမင်း၊ ဟောင် ကောင်၊ ကွမ်ကျိုး၊ မကာအိုတို့မှ နေပြည်တော်သို့ တိုက်ရိုက်စင်း လုံးငှားခရီးစဉ်အရေအတွက်မှာ အ၀င် ၂၃ ခေါက်နှင့် အထွက် ၂၂ ခေါက်အထိ ပြေးဆွဲရန်ရှိနေ ကြောင်း ကိုဝဏ္ဏကပြောသည်။

နေပြည်တော်၌(၅၁) ကြိမ် မြောက်ကျောက်မျက်ပွဲကို ဇွန်လ ၂၄ ရက်မှ ဇူလိုင် ၆ ရက်အထိကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

‘‘ကွမ်ကျိုးကနေ ရန်ကုန်ခရီး စဉ်ကို ပုံမှန်တစ်ပတ်သုံးကြိမ် ပြေးဆွဲတာတွေတော့ရှိတယ်။ အခု ကျောက် မျက်ပွဲမှာ ဟောင်ကောင် နဲ့ ကွမ်ကျိုးဘက်ကတရုတ် ကျောက်ကုန်သည်တွေလာတာ ကြောင့် နေပြည်တော် ကို စင်းလုံး ငှားခရီးစဉ်ဆွဲပေးတာပါ’’ဟု MAI မှ ဈေးကွက်ရှာဖွေရေးနှင့် ပြည် သူ့ဆက်ဆံရေးမန်နေ ဂျာ ဒေါ်အေးမရသာက ပြောသည်။

လက်ရှိတွင် MAI မှ တရုတ် ပြည်ကွမ်ကျိုးနှင့် ဟောင်ကောင် မှ နေပြည်တော်သို့ တိုက်ရိုက် စင်းလုံးငှားခရီး စဉ် ၁၀ ခုအထိ ရှိနေပြီး ခရီးသည်ရပါက ထပ်မံ များပြားလာနိုင်သည်ဟု သတင်း ရရှိသည်။

‘‘တချို့ ကုန်သည်တွေက တော့ ရန်ကုန်အထိလိုက်ကြပြီး ရန်ကုန်ကနေ နေပြည်တော်ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားကြတယ်’’ဟု ဒေါ်အေးမရသာက ဆို သည်။

ခန့်ထက် | 7daydaily

မှတ်ချက်များ