ပါကစ္စတန်တွင် ခရီးသည်တင် လေယာဉ်တစ်စီး ဆင်းသက်သည့် အချိန်၌ သေနတ်သမားများ၏ ဆီးကြိုပစ် ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။
ဇွန်လ(၂၄)ရက်နေ့ ညပိုင်းက ပီရှာဝါရှိ ဘာချာ ခန်း နိုင်ငံတကာ လေဆိပ်သို့ ပါကစ္စတန် လေ
ကြောင်း ခရီးစဉ် PK756 လေယာဉ် ဆင်းသက် လာစဉ် အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
လူပေါင်း(၁၇၈)ဦးကို တင်ဆောင်လာသော လေယာဉ်သည် ဆော်ဒီအာရေဗျမှ ပျံသန်းလာခြင်းဖြစ်ပြီး လေ ဆိပ်သို့အဆင်း ကြုံတွေ့ရသော ပစ်ခတ်မှု၌ အနည်းဆုံး ကျည်ဆန်(၆)ချက်မျှ ထိမှန်ခံခဲ့ရသည်။
ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အက်ရှ်ဂါခန်းက ကျည်ဆန်တစ်တောင့်သည် လေယာဉ်အင်ဂျင် တစ်လုံး ကို ထိမှန်ခဲ့ပြီး နောက်ထပ်ကျည်တစ်တောင့်မှာလည်း လေယာဉ်မှူးနှင့် ကံသီစွာ လွဲချော်သွား ခဲ့ကြောင်း ပြောကြားခဲ့သည်။
သေဆုံးသည့် အမျိုးသမီးမှာမူ ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့ခြင်းဟု သိရသည်။ “ကျွန်တော်တို့ လေယာ ထဲ ရောက်သွားတော့ အမျိုးသမီးက ခုံပေါ်မှာ လဲနေတယ်။ (၉)နှစ်ပဲ ရှိသေးတဲ့ သူ့သမီးလေးက ‘မေမေသေ ပြီ၊ မေမေသေပြီ’ဆိုပြီး အော်ငိုနေပါတယ်”ဟု ခန်းက ဆိုသည်။
“ခရီးသည်တိုင်းက အရမ်းတုန်လှုပ်နေတယ်။ တချို့က လေယာဉ်ထဲက အမြန်ဆုံး ထွက်ချင်ကြောင်း ပြော ခဲ့ကြပါတယ်။ လေယာဉ်ထဲမှာ ဆက်ရှိနေရင် ပစ်မှတ်ဖြစ်နေဦးမယ်လို့ ထင်နေကြတာကြောင့်ပါ။ လေ ယာဉ်မှူးကို သေနတ်မမှန်ခဲ့တာ အရမ်းကံကောင်းတယ်။ သူ့ကိုသာ ထိသွားရင်တော့ တကယ့်ကို ဆိုးဆိုး ရွားရွားတွေ ဖြစ်သွားနိုင်ပါတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
မြောက်ပိုင်း ဝါဇီရစ်စတန် ဒေသတွင် ယခုလအတွင်း ပါကစ္စတန် အစိုးရတပ်များက စစ်သွေးကြွများကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည့်နောက် စစ်သွေးကြွများက အရပ်ဘက် လေယာဉ်များကို ပစ်မှတ်ထား လက်စားချေခြင်း ဖြစ်ဖွယ်ရှိကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဇွန်လ(၂၅)ရက်နေ့တွင် လေဆိပ်၌ လုံခြုံရေး တိုးမြှင့်ထားလိုက်ပြီး ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့များက သေနတ်သမားများကို လိုက်လံ ခြေရာခံ ရှာဖွေလျက်ရှိသည်။
7day

မှတ်ချက်များ