တရုတ်နိုင်ငံ ချိန်တူးမှာ တိုက်ခန်းဝယ်ကြမလား၊ အေးဂျင့်တစ်ခု မိတ်ဆက်ပြီ


ကမ္ဘာမှာ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေတဲ့မြို့များထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ တရုတ်နိုင်ငံ ချိန်တူးမြို့မှာ ကမ္ဘာ့ ထိပ်သီးစီးပွားရေးကုမ္ပဏီတွေ အခြေချဖွင့်လှစ်နေတာကြောင့် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း ရှင်တွေအတွက် ချန်တူးမှာ တိုက်ခန်းတွေ ရောင်းချဖို့ ဖိတ်ခေါ်လိုက်ပါပြီ။ ဈေးနှုန်းကရော ဘယ်လောက်လဲ။

ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ဇွန် ၆ရက်နေ့က သူတို့ကုမ္ပဏီက တိုက်ခန်းတွေကို ဝယ်ယူနိုင်ဖို့ ၃ရက်ကြာ ပြပွဲပြုလုပ်မှာဖြစ်ပြီး ဒေါ်လာ ၄သောင်း စရန်ငွေပေးချေရုံနဲ့ ဝယ်မယ့် တိုက်ခန်းမှာ နှစ်ညနေခွင့်နဲ့ ချန်တူးကို တစ်ပတ်ကြာ လည်ပတ်စားရိတ် တာဝန်ယူမယ်လို့ ဆိုပါတယ်။

ခေတ်မီ ပရိဘောဂတွေ အပြည့်အစုံပါတဲ့ တိုက်ခန်းတစ်ခန်းကို ဒေါ်လာ တစ်သိန်းခွဲဈေးသတ်မှတ်ထားပြီး တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်တဲ့ မှတ်တမ်းမရှိသူတွေကတော့ ၃လတစ်ကြိမ် သတ်မှတ်ဈေးရဲ့ ၂ဝ%ကို ၅ကြိမ် ပေးချေရမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်တဲ့ တရုတ်လူမျိုးတွေ အများကြီးရှိတဲ့အပြင် မြန်မာပြည်ဟာ ပွင့်လင်းလာပြီမို့ တရုတ်နိုင်ငံမှာ အိမ်ခြံမြေလုပ်ငန်းထဲ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းကောင်းဖြစ်တယ်လို့ ဆိုပါတယ်။

မကြာခင် တစ်လနှစ်လအတွင်း သူတို့ကုမ္ပဏီရုံးခွဲကို ရန်ကုန်မှာ ဖွင့်လှစ်ဖို့ရှိပြီး အခုရောင်းချမယ့် Neptune Center မှာ အခန်းပေါင်း ၄၃၆ခန်းရှိတယ်လို့ ဆိုပါတယ်။


kamayutmedia

မှတ်ချက်များ