တိုင်းရင်းသားရိုးရာအစားအစာတွေ တစ်နေရာထဲ ဘယ်မှာရနိုင်လဲ


မြန်မာပြည် နေရာအနှံ့က တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာအစားအစားတွေကို တစ်နေရာထဲမှာ စုစည်းပေး ထားတဲ့ တိုင်းရင်းသားစားသောက်ဆိုင်လေးကို အရောက်သွားချင်ပါသလား။ မြန်မာတွေသာမက နိုင်ငံ သားခရီးသွားတွေပါ စိတ်ဝင်တစား မြည်းစမ်းနေတဲ့ဒီဆိုင်လေးက ဘယ်မှာရှိလဲ။

မရန်းကုန်းမြို့နယ်ထဲက မေခလမ်းနဲ့ ပါရမီလမ်းထောင့်မှာဖွင့်ထားတဲ့ တိုင်းရင်းသားစားသောက်ဆိုင် မှာတော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး စားသုံးသူတွေ တစ်နေရာထဲမှာ ဒေသအစုံက တိုင်းရင်းသားလက် ရာတွေ မြည်းစမ်းနိုင်ဖို့ဖြစ်တယ်လို့ ကိုမျိုးမင်းသက်က ရှင်းပြပါတယ်။

ဒီဆိုင်မှာ အာလူးရှမ်းမုန်ညှင်း၊ ကချင်ဝက်ပေါင်သားကင်၊ ငါးခူရဲယိုရွက်ထုပ်၊ ကယားခေါင်ရည်၊ ရှမ်းငါးကင်၊ ကယား ဝက်အူချောင်း၊ မွန်ငါးပြုတ်ဟင်းရည်၊ ရခိုင်ကြက်သောက်စမ်း၊ ချင်း ဝက်နရိုးဟင်းရည်၊ ကချင်ငါးပေါင်းတို့ ရပါတယ်။

တိုင်းရင်းသား ရိုးရာအစားအစာတွေဟာ အဆီအစိမ့်နဲ့ ကိုလက်စ်ထရောပါဝင်မှုနည်းပြီး သဘာဝအရသာနဲ့ ဖန်တီးထားတာကြောင့် ပူစပ်အရသာလေးနဲ့ စားလိုက်ရင် ခံတွင်းလိုက်မှာပါလို့ ကိုစိုးဝဏ္ဏက ပြောပါတယ်။

တိုင်းရင်းသား ရိုးရာအစားအစာတွေကို ကြိုက်နှစ်သက်တယ်လို့ ပထမဆုံး အားပေးခဲ့တဲ့ ကနေဒါနိုင်ငံ သား ရောဘတ် အိုဝင်က အခုလိုဆိုပါတယ်။



kamayutmedia

မှတ်ချက်များ