“အခြေအနေကိုတော့ ဟိုကိုရောက်ရင် သံအမတ်ကြီးကို မေးရမယ်။ တစ်ခုခုဆိုရင် ဘယ်လိုဆက်သွယ်ရမလဲ၊ ဘယ်လိုရှောင်ပြေးရမလဲ ဆိုတာတွေပေါ့နော်”လို့ လာမယ့် ၁၅ရက်နေ့ကျရင် ရန်ကုန်ကနေ ဘရာဇီးကိုသွားမယ့် ခရီးစဉ်နဲ့ပတ်သက်ပြီး သူစိုးရိမ်တာတွေကို ရှင်းပြပါတယ်။
မြဝတီရုပ်သံအတွက် ထုတ်လွှင့်မယ့် ဒီ Let’s Go to Brazil အစီအစဉ်မှာ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ နန်းဖြတ်ဖြိုးသင်း၊ နန်းသူဇာနဲ့ မိစန္ဒီတို့ အတူတူ လိုက်ပါသွားကြမှာဖြစ်ပါတယ်။ ဟိုရောက်ရင် ဘောလုံးပွဲသွားကြည့်မယ်လို့ ပြောတဲ့ နန်းမြတ်ဖြိုးသင်းက -

“ဟိုရောက်ရင် ဘရာဇီးသံအမတ်ကြီးနဲ့တွေပမယ်။ ပြီးရင်တော့ ရိုက်ကူးမယ့်နေရာတွေကို ရွေးရမှာပေါ့။ ကျန်တာတွေတော့ ဟိုရောက်မှ စီစဉ်မှာ။ ဒီမှာတော့ ဘာမှ မစီစဉ်ရသေးဘူး။” လို့ဆိုပါတယ်။
“သေချာတာက ဘရာဇီးဘောလုံးပွဲတော့ ၂ပွဲသွားကြည့်မယ်”
“သေချာတာက ဘရာဇီးဘောလုံးပွဲတော့ ၂ပွဲသွားကြည့်မယ်”
(ဖြိုး၊ Free Wings)

မှတ်ချက်များ