အွန်လိုင်းမှ သီချင်းနှစ်ပုဒ်ရောင်းမယ့် ရှင်ဖုန်း



စီစဉ်နေဆဲ တစ်ကိုယ် တော်ခွေမှ သီချင်းနှစ်ပုဒ်ကို ဇွန် လ ၆ ရက်တွင် အွန်လိုင်းစတိုးမှ ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုတော် ရှင်ဖုန်းက ပြောသည်။

‘‘တစ်ပုဒ်က အေးအေးလေး ပီယာနိုသီချင်းလေးပါ။ အဲဒီသီ ချင်းက ရှင်ဖုန်းရေးထားတာပါ။ နောက်သီချင်း တစ်ပုဒ်က သီချင်း အဟောင်းလေးပါ။ ကိုလေးလွင် ရေးထားတဲ့ ‘ဒီသီချင်းလေး မဆုံး ခင်’ဆိုတဲ့ သီချင်း ပါ’’ဟု ရှင်ဖုန်း ကပြောသည်။

ကိုယ်တိုင်ရေးထားသည့် သီချင်းကို ‘‘ချစ်ခဲ့ဖူးတယ်’’ ဟု အမည်ပေးထားကာ ပေါ့ပ်ပုံစံသီ ချင်းဖြစ်ပြီး အချစ်အကြောင်း သီချင်းဖြစ်သည်ဟု ရှင်ဖုန်းက ပြော သည်။

အွန်လိုင်းတွင် သီချင်းရောင်း၍ ရသောကြောင့် အနုပညာရှင် များအနေဖြင့် တစ်ခွေလုံးပြီးသည် အထိ အချိန်ပေးရန် မလိုသလို၊ ကုန်ကျစရိတ်လည်း နည်းသော ကြောင့် ကောင်းကျိုးများရှိသကဲ့သို့ Free Download များကြောင့် အနုပညာရှင်များ နစ်နာမှုများရှိ နိုင်သည်ဟု ၎င်းကဆိုသည်။

လက်ရှိစီစဉ်နေသော တစ် ကိုယ်တော်ခွေကို လောလော ဆယ်တွင် တီးဝိုင်းအဖွဲ့ ခရီးသွား နေသောကြောင့် ဆက်မလုပ်ဖြစ် သေးဘဲ ယခုနှစ်ကုန်ပိုင်းတွင် ထွက်ရှိနိုင်အောင် ကြိုးစားမည် ဟု ၎င်းက ပြောသည်။


ဇွဲဉာဏ် | 7daydaily

မှတ်ချက်များ