| ကိုရီးယားအာဇာနည်များအနီးက မြန်မာပြည်၏အာဇာနည်ဗိမာန် ပြင်ဆင်နေဆဲ ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခဓာတ်ပုံသတင်း၊ ဇွန် ၂၆၊ ၂၀၁၄ |
မကြာခင်က ဆောက်လုပ်ပြီးစီးသွားသော “ကိုရီးယားကအာဇာနည်များအထိမ်းအမှတ်”၏ အနီးက မြန် မာပြည်၏ အာဇာနည်ဗိမာန်မှာ ယခုအချိန်အထိ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နေဆဲဖြစ်သည်ကို တွေ့ ရသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည်မှာ ယခုနှစ် ဇူလိုင်လ (၁၉) ရက်ဆိုလျှင် (၆၇ )နှစ်ပြည့်ခြဲ့ပီဖြစ်သည်။ ယခု လာမည့် ၁၉ဇူလိုင် အာဇာနည်နေ့အမီ ပြုပြင်ထိန်းသိမ်း မှုများ ပြုလုပ်နေသည်။
ယခင် စစ်အစိုးရလက်ထက်က အာဇာနည်ကုန်းအနီးတွင် အညတရသူရဲကောင်းစစ်သည်ဗိမာန်ကို တည်ဆောက်ခဲ့ပြီး ဖွင့်လှစ်ထားရှိခဲ့သော်လည်း သမိုင်းဝင် အာဇာနည်ကုန်းအား အများပြည်သူတို့ လွတ်လပ်စွာ အလေးဂါရဝပြုနိုင်ခြင်း မရရှိခဲ့ပေ။ ၁၉၈၉ ခုနှစ် အာဇာနည်နေ့ အများပြည်သူတို့ ချီတက်အလေးပြုမှုကိုလည်း စစ်အစိုးရက အကြမ်းဖက် နှိမ်နှင်း ဖမ်းဆီးခဲ့သည်မှ စပြီး အာဇာနည်နေ့ အခမ်းအနားများကို စစ်အစိုးရက ၎င်းတို့အား ဆန့်ကျင်မှု ဆူပူမှုတခုသဖွယ် အရေးယူမှုများ နှစ်စဉ်ပြုလုပ်ခဲ့သည်။
ယခုအစိုးရလက်ထက်တွင် အာဇာနည်ကုန်းအား အများပြည်သူ ကြည့်ရှုနိုင်ရန် ၊အလေးပြုနိုင်ရန် တနင်္လာနေ့နှင်ြ့ပန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် ဖွင့်လှစ်ထားရှိသည်။ ယခင်ဖွင့်လှစ်ခါစက လူဝင်များပြားခဲ့သော်လည်း ယခုအချိန်တွင်တော့ တနေ့လျှင် ငါးယောက်၊ ဆယ်ယောက်ခန့်သာ လာရောက်လေ့လာသူသာရှိကြောင်း ဝင်ကြေးကောက်ခံသူ စည်ပင်သာယာဌာန၏ ၀န်ထမ်အမျိုးသမီးက ပြောကြားခဲ့ပါသည် ။ စည်ပင်မှ ဝန်ထမ်းများနှင့် နေ့စားငါးထောင်ဖြင့် လုပ်ကိုင်နေသော အလုပ်သမားများက အာဇာနည်နေ့အတွက် ပြင်ဆင်လုပ်ကိုင်နေသည်ကိုတွေ့ရပါသည်။
အာဇာနည်ကုန်း ကိုဝင်ရောက်လိုသူများအနေဖြင့် ဝင်ကြေးအနေဖြင့်လူကြီးတစ်ဦးလျှင် မြန်မာငွေ နှစ် ရာကျပ်အားပေးရမည်ဖြစ်ပြီး ကလေးတစ်ဦးလျှင် တစ်ရာကျပ်ပေးရကာ ကျောင်းသား၊ သူများ အနေဖြင့် ကျောင်းသားကဒ်ဖြင့် အခမဲ့ဝင်နိုင်ပါသည် ။နိုင်ငံခြားသားတစ်ဦးလျှင် ငွေ ကျပ်သုံးထောင်ကောက်ယူ မည်ဖြစ်သည် ။ မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်။ အာဇာနည်နေ့တွင်တော့ အခမဲ့ ဝင်ခွင့်ပြုသည်။
| မကြာခင်က ဆောက်လုပ်ပြီးစီးသွားသော “ကိုရီးယားကအာဇာနည်များအထိမ်းအမှတ်” |
MoeMaKha
မှတ်ချက်များ