အလှမယ်မေမြတ်နိုးနဲ့ဆိုင်တဲ့အင်တာဗျူး


သရဖူအသိမ်းမခံရအောင် မေမြတ်နိုးကို လိမ္မာစေချင်တယ် ဆိုတဲ့ ခေါင်းစဉ်တပ် အင်တာဗျူးတခုကို ဒီတ ပတ်ထုတ် ရန်ကုန်အခြေစိုက် Oasis ဂျာနယ်မှာ စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။

မေမြတ်နိုး ကိုရီးယားသွားပြိုင်ဖို့ ရွေးချယ်စေလွှတ်ခဲ့သူ မလှနုထွန်းနဲ့ ဗျူးထားတာပါ။

အင်တာဗျူးမှာ ပြောထားချက်အရ ဆိုရင် ... အလှမယ် မေမြတ်နိုး မလိမ္မာဘူး ဆိုတဲ့ သဘော သက်ရောက်နေပါတယ်။

သူ တကယ် မလိမ္မာဘူးလား၊ ဒီအင်တာဗျူးနဲ့ ပတ်သက်ပြီး ဘယ်လို တုန့်ပြန်ချင်သလဲ ဆိုပြီး မေမြတ်နိုးကို အခုလောက်ဆို ဖုန်းတဂွမ်ဂွမ် ဆက်နေကြပြီလို့ ယူဆရပါတယ်။

အင်တာဗျူးမှာ အချက်အလက် အများအပြား တွေ့ရပါမယ်။

“စာချုပ် ချုပ်ရင် သုံးနှစ်စာချုပ် ချုပ်ရမယ်။
၄၀ % က မြတ်နိုး ရမယ်။
၅ဝ % က Asia Pacific က ရမယ်။
၁ဝ % က လှနုရမယ်” ဆိုတဲ့အချက် အပါအ၀င်ပေါ့။

အောင်မြင်တဲ့ အလှမယ်တယောက်အကြောင်း အင်တာဗျူးထဲမှာ အများ မသိတဲ့ စာချုပ်စာတမ်းကိစ္စလည်း ပါဝင်နေပါတယ်။

အလှမယ်တွေ အများအပြားရှိတဲ့ထဲကမှာ Miss Asia Pacific ဆုရှင် မေမြတ်နိုးတယောက် သရဖူ ပူပူနွေးနွေး ရရှိထားတဲ့ ကာလမှာ အသံထွက်လာခြင်းပါ။

မကြာခင် မီဒီယာမှာ သူ့ရဲ့ နောက်ဆက်တွဲ သတင်းတွေ အင်တာဗျူးတွေ ပါလာတဲ့အခါ အခုထက် ပိုပြီး ရှင်းလင်းသွားမယ်လို့ ယူဆရပါတယ်။

မလှနုထွန်းနဲ့အင်တာဗျူး စာမျက်နှာ -

မလှနုထွန်းနဲ့အင်တာဗျူး စာမျက်နှာ - ၂


ဧရာဝတီ

မှတ်ချက်များ